အိမ်ရှင်ခမာတို့ကတော့ တီမောကို ၄ ဂိုးပြတ်သွင်းခဲ့ပါတယ်။

ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲကြီးရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲတွေကတော့ စတင်နေပါပြီ။ မနေ့က အုပ်စု-ခ ပွဲစဉ်တွေကို ဆက်ကစားခဲ့ရာမှာ ရွှေတံဆိပ်ရဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့က ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရရှိခဲ့ပါတယ်။ အုပ်စု-က ပွဲတွေမှာတော့ အင်ဒိုနီးရှားက ဖိလစ်ပိုင်ကို ၃-၀၊ ကမ္ဘောဒီးယားက တီမောကို ၄-၀ နဲ့ အသီးသီးအနိုင်ရရှိထားခဲ့ပါတယ်။ 

ထိုင်းကတော့ စင်ကာပူကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး သက်တောင့်သက်သာ ကစားသွားခဲ့ပါတယ်။ ပထမပိုင်းမှာ စင်ကာပူတို့ အပြန်အလှန်ကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ထိုင်းကို မကျော်လွှားနိုင်ခဲ့တော့ပါဘူး။ ဗီယက်နမ်ကတော့ လာအိုကို ဂိုးပြတ်ဖို့အတွက် တော်တော်လေးအားထုတ်ခဲ့ရပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ ရရှိခဲ့တဲ့ ဂိုးကြောင့်သာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

အုပ်စု-က ရဲ့ ဒုတိယမြောက်ပွဲစဉ်တွေကို မနက်ဖြန်မှာ ကစားမှာဖြစ်ပြိး မြန်မာ-တီမောပွဲကိုတော့ မြန်မာစံတော်ချိန် ညနေ ၃း၃၀ နာရီမှာ ကစားမှာဖြစ်ပြီး ဖိလစ်ပိုင်-ကမ္ဘောဒီးယားပွဲကို ညနေ ၆း၃၀ နာရီမှာ ကစားမှာပါ။ မြန်မာအတွက်တော့ အုပ်စုအဖွင့်ပွဲဖြစ်ပြီး ဆီမိးဖိုင်နယ်တက်ဖို့အတွက် မဖြစ်မနေအနိုင်ယူထားရမယ့်ပွဲပါ။ 

ကမ္ဘောဒီးယားကတော့ ဖိလစ်ပိုင်ကို အနိုင်ရလိုက်ရင် နောက်တဆင့်အတွက် တော်တော်လေးသေချာသွားမှာဖြစ်ပါတယ်။ ဒီအုပ်စုမှာ အင်ဒိုနီးရှား၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ န​ောက်တဆင့်ကိုတက်နိုင်ဖို့ ပြိုင်ဆိုင်ရမှာဖြစ်ပြီး အုပ်စု-ခမှာတော့ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားတို့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိပါတယ်။ 


Share

Loading Next Article...
က္က