ထိုင်းက အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားတွေကို ပြန်ဝင်ခွင့်ပြုသွားမှာပါ

ထိုင်းနိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအတွက် COVID-19 ကာကွယ်ဆေးများ သီးသန့် ဖယ်ချန်ထားမယ်လို့ ဆိုပါတယ်။

အလုပ်သမား ရှားပါးမှုကြောင့် ပြည်ပပို့ကုန်နဲ့ ခရီးသွားလုပ်ငန်းအပေါ် မှီခိုရတဲ့ နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်မှု လျော့ပါးသက်သာစေရေး ဆောင်ရွက်မှုအဖြစ် ထိုင်းအစိုးရက နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို ပြန်ဝင်ခွင့်ပြုရန် စီစဥ်နေရာ ၎င်းတို့ကို ထိုးပေးရန်အတွက် ကာကွယ်ဆေးများကိုလည်း ဖယ်ချန်ထားတယ်လို့ အစိုးရဝန်ကြီးတစ်ဦးက ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ပြောပါတယ်။




(Photo: Reuters)

ထိုင်းအစိုးရက အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားတွေကို လာမယ့် ဒီဇင်ဘာလမှစပြီး ပြန်ဝင်ခွင့်ပြုသွားရန် စီစဥ်ထားကြောင်း သိရပါတယ်။ ထိုင်းကို ပြန်ဝင်ရောက်လာမယ့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို သီတင်းနှစ်ပတ်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ထိုကာလအတွင်း ၎င်းတို့ကို COVID-19 ကာကွယ်ဆေးထိုးပေးသွားမယ်လို့ အလုပ်သမားဝန်ကြီး Suchart Chomklin က ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေကို COVID-19 ရှိ မရှိလည်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ "ရွှေ့ပြောင်းလုပ်သားတွေအတွက် ကာကွယ်ဆေး ၄၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ အထိ ပြင်ဆင်ထားပါတယ်" လို့ ၎င်းက ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၄၂၀,၀၀၀ ချက်ချင်း လိုအပ်နေကြောင်း အလုပ်သမားဝန်ကြီးက ခန့်မှန်းထားပါတယ်။

(Photo: Reuters)

ထိန်းချုပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခြင်းက နိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားတွေ တရားမဝင် ဝင်ရောက်နေမှုကို ရပ်တန့်စေရန် အထောက်အကူလည်း ဖြစ်စေမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာမှုတွေနဲ့ ဆက်စပ်ပြီး လူ ၁၁,၀၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ယမန်နှစ် အောက်တိုဘာလအတွင်းမှာတော့ ဖမ်းဆီးထိန်းသိမ်းခဲ့သူ အရေအတွက် ၁,၄၅၆ ဦးရှိခဲ့ကြောင်း Reutes သတင်းက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က