နိုင်ငံစာရင်း အပြည့်အစုံကို ယခုသီတင်းပတ်နှောင်းပိုင်းမှာ ဆုံးဖြတ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်

ထိုင်းနိုင်ငံက COVID-19 ကူးစက်မှုအန္တရာယ်နည်းပါးတဲ့ နိုင်ငံ ၁၀ ခုမှ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသား ခရီးသွားတွေအတွက် ကွာရန်တင်းဝင်ရန် လိုအပ်ချက်ကို နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ပယ်ဖျက်သွားမယ်လို့ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက အောက်တိုဘာ ၁၁ ရက်နေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ကြေညာခဲ့ပါတယ်။

(ထိုင်းဝန်ကြီးချုပ်ပရာယွတ်) (Photo: Reuters)

COVID-19 Situation Administration (CCSA) နဲ့ ကျန်းမာရေးဝန်ကြီးဌာနကို ယခုသီတင်းပတ်အတွင်း ပူးပေါင်းဆုံးဖြတ်ကြရန် ညွှန်ကြားထားတယ်လို့ ပရာယွတ်ကဆိုပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ကူးစက်မှုအန္တရာယ်နည်းကြောင်း သတ်မှတ်ထားတဲ့ နိုင်ငံများမှ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူတွေကို ကွာရန်တင်းဝင်ရန် မလိုအပ်ဘဲ ထိုင်းနိုင်ငံက စတင်လက်ခံသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။



ယခု ဆုံးဖြတ်ချက်ဟာ အန္တရာယ်အချို့ရှိပေမဲ့ နိုင်ငံရဲ့ ပြိုလဲခဲ့တဲ့ ခရီးသွားကဏ္ဍ ပြန်လည်ရှင်သန်စေရန် အရေးပါ်တဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ထောက်ပြခဲ့ပါတယ်။ ထိုင်းအစိုးရက ကွာရန်တင်းမလိုဘဲ ဝင်ခွင့်ပြုသွားမယ့်စာရင်းမှာ မပါဝင်တဲ့ နိုင်ငံများမှ ခရီးသွားတွေကတော့ ကွာရန်တင်းဝင်ရန် လိုအပ်အုံးမှာဖြစ်ပါတယ်။ ကွာရန်တင်းဝင်ရန် မလိုအပ်တဲ့ ၁၀ နိုင်ငံအနက် ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ အမေရိကန်၊ တရုတ်နဲ့ စင်ကာပူတို့ ပါဝင်ကြောင်း သိရပါတယ်။

(Photo: BBC)

နိုင်ငံစာရင်း အပြည့်အစုံကို CCSA က ကျန်းမာရေးဝန်ကြီးဌာနဲ့ ယခုသီတင်းပတ်နှောင်းပိုင်းမှာ ပူးပေါင်းဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း နောက်ထပ် နိုင်ငံတွေကို ထိုစာရင်းမှာ ဆက်လက်ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဖျော်ဖြေရေးနေရာတွေကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်ဖွင့်သွားမှာဖြစ်ပြီး အရက်ရောင်းချရန် ပြန်ခွင့်ပြုသွားမယ်လို့ ဝန်ကြီးချုပ်ပရာယွတ်က ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ 

Share

Loading Next Article...
က္က