အာဆီယံ ဆူဇူကီးဖလား အုပ်စု တတိယပွဲစဉ်မှာ မြန်မာဘောလုံးအသင်းဟာ ထိုင်းအသင်းကို လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။bထိုင်းနဲ့ပွဲမှာ မြန်မာအသင်းဟာ တီမောကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က ကစားသမား အများစုနဲ့ပွဲထွက်လာခဲ့ပြီး ထိုင်းအသင်းမှာတော့ ဂျေလိဂ်မှာ ကစားနေတဲ့ ချာနာသစ်နဲ့ တီရာသွန် တို့ ပွဲထွက် ပါဝင်ခဲ့ပါတယ်။

Photo: FA Thailand

ထိုင်းအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး တီရာဆေးက နှစ်ဂိုး၊ ဝိုရာချက်နဲ့ စူပါချော့တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။bမြန်မာအသင်းဟာ ထိုင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စုနောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်ပါတယ်။ အုပ်စု (က) အခြားပွဲစဉ်မှာတော့ ဖိလစ်ပိုင်အသင်းက တီမောအသင်းကို ခုနစ်ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ထိုင်းအသင်းကတော့ အုပ်စု နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်နဲ့ ဆူဇူကီးဖလား အုပ်စု (က) ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

Photo: FA Thailand

မြန်မာအသင်းကတော့ အုပ်စု သုံးပွဲကစား တစ်ပွဲနိုင် နှစ်ပွဲရှုံး ရမှတ် ၃ မှတ်သာ ရရှိပြီး အုပ်စု စတုတ္ထနေရာမှာ ကျရောက်နေပါတယ်။ မြန်မာအသင်းဟာ အာဆီယံ ဆူဇူကီးဖလား အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၈ ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Share

က္က