တစ်နှစ်ပတ်လုံး ဘယ်အချိန်သွားသွား လည်ပတ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေအတွက် အနှစ်သက်ဆုံး ခရီးစဉ်တစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ အစားအသောက်၊ Shopping၊ ယဉ်ကျေးမှုနဲ့ သဘာဝအလှအပတွေ အားလုံးကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရနိုင်တာကြောင့် ခရီးသွားတွေကြားမှာ အမြဲတမ်း ရေပန်းစားနေတာပါ။ဒီနေ့မှာတော့ Flymya ကနေ Duwun စာဖတ်ပရိသတ်တွေအတွက် ထိုင်းနိုင်ငံကို ရောက်ရင် မဖြစ်မနေ သွားသင့်တဲ့ မြို့ကြီးတွေနဲ့ အထင်ကရနေရာတွေကို စုံစုံလင်လင် ဖော်ပြပေးလိုက်ပါတယ်။
မြို့ပြအလှနဲ့ စျေးဝယ်ထွက်ဖို့ ဘန်ကောက် (Bangkok)
ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ဟာ ခေတ်မီအထပ်မြင့် အဆောက်အဦတွေနဲ့ ရှေးဟောင်းဘုရားကျောင်းတွေ ယှဉ်တွဲတည်ရှိနေတဲ့ မြို့ပါ။
Grand Palace & Wat Phra Kaew
ထိုင်းဘုရင်တွေရဲ့ နန်းတော်ဟောင်းဖြစ်ပြီး မြစိမ်းရောင်ရုပ်ပွားတော် တည်ရှိရာနေရာဖြစ်လို့ ယဉ်ကျေးမှုအရ အရေးအကြီးဆုံးနေရာပါ။
Wat Arun (Dawn Temple)
ကျောက်ဖရားမြစ်ဘေးမှာရှိတဲ့ ဒီဘုရားကျောင်းဟာ ညဘက်ဆို မီးရောင်တွေနဲ့ အရမ်းလှသလို၊ ထိုင်းဝတ်စုံလေးတွေဝတ်ပြီး ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာပေါ့။
Shopping Paradises
Siam Paragon, Central World နဲ့ Icon Siam တို့လို Luxury Mall တွေအပြင်၊ စျေးတန်တန်နဲ့ ဝယ်ချင်သူတွေအတွက် Chatuchak Weekend Market နဲ့ Platinum Fashion Mall တို့က လက်လွှတ်မခံသင့်တဲ့ နေရာတွေပါပဲ။
အေးချမ်းတဲ့ တောင်ပေါ်မြို့လေး ချင်းမိုင် (Chiang Mai)
သမိုင်းဝင် အဆောက်အဦတွေနဲ့ သဘာဝတရားကို မြတ်နိုးသူတွေအတွက်တော့ ချင်းမိုင်က အသင့်တော်ဆုံးပါ။
Wat Phra That Doi Suthep
တောင်ပေါ်မှာ တည်ရှိပြီး တစ်မြို့လုံးကို အပေါ်စီးကနေ မြင်ရမဲ့ အထင်ကရ စေတီတော်ကြီးပါ။
Old City Gates
မြို့ဟောင်းတံတိုင်းကြီးတွေနဲ့အတူ ကဖေးလှလှလေးတွေ ထိုင်ချင်သူတွေအတွက် သဘောကျစေမှာပါ။
Elephant Nature Park
ဆင်လေးတွေကို စောင့်ရှောက်ထားတဲ့နေရာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေ သွားသင့်ပါတယ်။
ပင်လယ်ပြာပြာနဲ့ အလှဆုံးကမ်းခြေမြို့တော် ဖူးခက် (Phuket)
ကမ္ဘာကျော် ကမ်းခြေတွေရှိတဲ့ ဖူးခက်ဟာ အပန်းဖြေဖို့အတွက် နံပါတ် (၁) ပါပဲ။
Patong Beach
ညဘက် Nightlife အလှကို ခံစားချင်သူတွေအတွက် အစည်ကားဆုံးနေရာပါ။
Phi Phi Islands
ရေကြည်ကြည်မှာ ရေငုပ်ချင်သူတွေ၊ Speedboat စီးပြီး ကျွန်းပတ်ချင်သူတွေအတွက် မသွားမဖြစ်နေရာတစ်ခုပါ။
Big Buddha
ဖူးခက်မြို့ကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ တောင်ကုန်းပေါ်က ဗုဒ္ဓရုပ်ပွားတော်ကြီးဟာလည်း စိတ်အေးချမ်းစရာ ကောင်းလှပါတယ်။
သမိုင်းအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ အယုဒ္ဓယ (Ayutthaya)
UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်ပြီး ဘန်ကောက်ကနေ ကားနဲ့ ခဏလေးသွားရုံနဲ့ ရောက်နိုင်ပါတယ်။ ရှေးဟောင်းဘုရားကျောင်းပျက်တွေနဲ့ ထိုင်းနိုင်ငံရဲ့ ရွှေခေတ်သမိုင်းကြောင်းကို တစ်နေရာတည်းမှာ လေ့လာနိုင်မှာပါ။
ထိုင်းနိုင်ငံသွားမဲ့သူတွေအတွက် Flymya ရဲ့ အကြံပြုချက်
- ဗီဇာ (Visa): မြန်မာနိုင်ငံသားတွေအနေနဲ့ လေကြောင်းကနေဝင်ရင် ရက် (၁၄) ထိ ဗီဇာလွတ် (Visa-Free) သွားရောက်နိုင်ပါတယ်။
- ငွေကြေး: ထိုင်းဘတ် (Baht) ကို အသုံးပြုရမှာဖြစ်ပြီး မြို့အနှံ့မှာ Exchange Counter တွေ အလွယ်တကူရှိပါတယ်။
- SIM Card: လေဆိပ်မှာတင် ခရီးသွား SIM Card တွေကို အလွယ်တကူ ဝယ်ယူနိုင်သလို၊ မြန်မာပြည်ကနေလည်း ကြိုတင်စီစဉ်သွားလို့ ရပါတယ်။
ထိုင်းနိုင်ငံရဲ့ ဘယ်နေရာကိုပဲ သွားသွား လေယာဉ်လက်မှတ်၊ ဟိုတယ်နဲ့ ကားအငှားဝန်ဆောင်မှုတွေအတွက် Flymya က အမြဲအသင့်ရှိနေပါတယ်။ အခုပဲ ခရီးစဉ်တွေကို စုံစမ်းပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို အကောင်အထည်ဖော်လိုက်ရအောင်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။