သုံးဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ထိုင်းကနေ နေရပ် ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများပါတဲ့ express ကားဟာ ယနေ့ အောက်တိုဘာလ ၁၃ ရက် နေ့လယ်က မြဝတီ-ကော့ကရိတ် အာရှ(တောင်ပေါ်လမ်း)နတ်စင် ကုန်းဆင်းကွေ့မှာ တိမ်းမှောက်ပြီး လူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မြဝတီမြို့သင်္ဃန်းညီနောင်လူမှုကူညီရေးအသင်းဆီကသိရပါတယ်။



ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူတွေ အပါအဝင် ကားပေါ်ပါ လူ ၂၂ ဦးလုံးကို ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရတဲ့ထဲမှာ ၃ ဦးကတော့ ဒဏ်ရာရရှိမှုပြင်းထန်တယ်လို့သိရပါတယ်။


ဓာတ်ပုံ - သင်္ဃန်းညီနောင်လူမှုကူညီရေးအသင်း

" ကားပေါ်မှာက အားလုံး ၂၂ ယောက်ပါတယ်။ အဲဒီထဲက၁၂ ဦးဒဏ်ရာရပြိး ၃ ဦးလောက်က ပြင်းတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ကော့ကရိတ်အပိုင်ထဲမှာ ဖြစ်တာဆိုတော့ ကော့ကရိတ်ဆေးရုံကိုအကုန်ပို့ပေးခဲ့တယ် ၊ကျနော်တို့ကားလည်းပို့တယ်။လမ်းကြုံကားနဲ့လည်းပို့ခဲ့တယ် " လို့ မြဝတီမြို့သင်္ဃန်းညီနောင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုစိုးမိုးဋ္ဌေးက ပြောပါတယ်။

အဆိုပါ Express ကားသည် ဘရိတ်ပေါက်ပြီး တောင်းကမ်းပါးကိုဝင်တိုက်ပြီးတိမ်းမှောက်ခြင်းဖြစ်တယ်လို့ လတ်တလောအခြေအနေတွေအရသိရပါတယ်။

ဓာတ်ပုံ - သင်္ဃန်းညီနောင်လူမှုကူညီရေးအသင်း

ကားပေါ်ပါသူ အားလုံးသည် ထိုင်းနိုင်ငံကနေ ရခိုင်ပြည်နယ်ကိုပြန်လာကြတဲ့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့တုန်းကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် (တောင်ပေါ်လမ်း) ကွမ်းခြံကုန်းမှာ လူတင်ဆောင်လာတဲ့ မြေသယ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တောင်နံရံကမ်းပါးကို ဝင်တိုက်မိပြီး ကားပေါ်ပါသူ ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က