ထိုင်းကိုအလည်သွားမယ့်သူတွေအတွက် ဘယ်နေရာလည်ရမလဲမသိသေးရင် ဒါဖတ်သွားနော်

ကလေးရောလူကြီးပါအကြိုက်တွေ့စေမယ့် ထိုင်းနိုင်ငံရဲ့လည်ပတ်စရာနေရာတွေက ဘယ်နေရာတွေဖြစ်မလဲဆိုတာတစ်ချက်ကြည့်ကြည့်ရအောင်ပါ။ ထူးခြားပြီး ပျော်ရွှင်စရာကောင်းတဲ့ခရီးသွားအတွေ့အကြုံတွေကို ခံစားနိုင်စေမယ့် နေရာတွေကတော့ 




Dream World 



ပျော်စရာကောင်းတဲ့ အိမ်မက်ကမ္ဘာထဲကိုရောက်သွားသလိုခံစားရစေမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဘန်ကောက်ရောက်တာနဲ့ မဖြစ်မနေသွားလည်သင့်တဲ့နေရာမို့လို့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ရောက်အောင် သွားသင့်တယ်နော်။


Siam Amazing Park



ထိုင်းနိုင်ငံရဲ့ အကြီးဆုံး Water Park ကစားကွင်းတစ်ခုဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ်ကိုဖန်တီးချင်တဲ့သူတွေအတွက် သွားလည်သင့်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ စွန့်စားခန်းတွေနဲ့လှုပ်လှုပ်ရှားရှားဆော့ကစားရတာကို ကြိုက်နှစ်သက်တဲ့ခရီးသွားတွေအတွက် Siam Amazing Park ဟာ ဘန်ကောက်ခရီးစဉ်မှာ မဖြစ်မနေ လည်ပတ်ရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ 


SEA LIFE Bangkok Ocean World



အရှေ့တောင်အာရှရဲ့ အကြီးဆုံးရေအောက်ကမ္ဘာလို့လူအများသိကြတဲ့ SEA LIFE Bangkok Ocean World ကလည်း ဘန်ကောက်ရောက်ရင် သွားသင့်တဲ့နေရာထဲမှာပါတယ်နော်။ Ocean World ဆိုတဲ့အတိုင်း ပင်လယ်ရေသတ္တဝါအများအပြားရှိပြီး စုံတွဲတွေအတွက် ရိုမန့်တစ်ဆန်တဲ့ နေရာဖြစ်စေမှာအမှန်ပါပဲ။


Safari World



တိရစ္ဆာန်ချစ်သူတွေသွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်တဲ့ Safari World မှာဆိုရင် တောရိုင်းတိရစ္ဆာန်မျိုးစုံကို အနီးကပ်လေ့လာလို့ရမယ့်အပြင် စိတ်ဝင်စားစရာကောင်းတဲ့ လင်းပိုင်ပြပွဲတွေပါ ကြည့်ရှုနိုင်သေးတယ်နော်။ မိသားစုနဲ့အတူလျှောက်လည်ရင်း တိရစ္ဆာန်လေးတွေကို အစာကျွေးလို့ရသေးတာမို့ ကလေးတွေအကြိုက်တွေ့စေမယ့်နေရာလေး တစ်ခုပဲဖြစ်ပါတယ်။


Madame Tussauds BANGKOK



နာမည်ကြီးကြယ်ပွင့်တွေကိုအပြင်မှာမတွေ့ရလို့စိတ်မညစ်ပါနဲ့၊ Madame Tussauds BANGKOK ကိုသွားပြီး ပုံစံတူဖယောင်းရုပ်တုနဲ့ ဓာတ်ပုံရိုက်လို့ရပါတယ်။ နာမည်ကြီး ကြယ်ပွင့်တွေအပြင် နယ်ပယ်အစုံက အထင်ကရပုဂ္ဂိုလ်အကျော်အမော်တွေပါ တစ်နေရာတည်းမှာမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။နာမည်ကြီး ကြယ်ပွင့်တွေအပြင် နယ်ပယ်အစုံက အထင်ကရပုဂ္ဂိုလ်အကျော်အမော်တွေပါ တစ်နေရာတည်းမှာမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။


Calypso Cabaret



ဘန်ကောက်မြို့ရဲ့ နှစ်ပေါင်း ၃၀ကျော်ကြာသက်တမ်းရှိတဲ့ နာမည်ကြီးဖျော်ဖြေပွဲတစ်ခုဖြစ်ပါတယ်။ ဆန်းသစ်လှပတဲ့ ဝတ်စုံတွေနဲ့အတူ ထိုင်းနိုင်ငံမှာရှိတဲ့ နာမည်ကြီး Transgender အချောအလှတွေရဲ့ ကပြဖျော်ဖြေမှုတွေကို ခံစားနိုင်တဲ့ ဖျော်ဖြေပွဲဖြစ်တာကြောင့် တစ်ခေါက်လောက်တော့ရောက်အောင်သွားကြည့်သင့်တယ်နော်။ 


King Power Mahanakhon



ဘန်ကောက်မြို့ရဲ့အလှအပကို အပေါ်စီးကနေ  ၃၆၀ ပတ်လည်ခံစားနိုင်မယ့် နေရာတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ ညနေခင်းနေဝင်ဆည်းဆာကိုခံစားရင်း မြို့အလှအပကို ကြည့်ရှုရတာကလည်း မမေ့နိုင်တဲ့ခရီးသွားအတွေ့အကြုံကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က