ထိုင်းယူ-၂၂ အသင်းနဲ့ ဆီးဂိမ်းဆီမီးဖိုင်နယ်ကစားခဲ့တဲ့ မြန်မာယူ-၂၂ အသင်းကတော့ အရေးနိမ့်ခဲ့လို့ ကြေးတံဆိပ်လုပွဲသာ ကစားရတော့မှာဖြစ်ပါတယ်။ ထိုင်းကို ပထမပိုင်း ၃၇ မိနစ်မှာ ပေးခဲ့ရတဲ့ ဂိုး၊ ပွဲပြီးခါနီး ထပ်ပေးခဲ့တဲ့ ဂိုးတွေကြောင့် ၃-၀ နဲ့ အရေးနိမ့်ခဲ့ပြီး မြန်မာတို့ ချေပဂိုးမရခဲ့တာကြောင့် အရေးနိမ့်ခဲ့ရကာ အမျိုးသမီးအသင်းနည်းတူ ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပါတယ်။
တကယ်လို့သာ ထိုင်းကို အနိုင်ရခဲ့မယ်ဆိုရင် ယူ၂၂ အသင်းနဲ့ အမျိုးသမီးအသင်းတို့ တပြိုင်တည်း ဗိုလ်လုပွဲတက်နိုင်တဲ့ ရှားရှားပါးပါးမှတ်တမ်းကို ရရှိနိုင်မှာ ဖြစ်ပေမယ့် မြန်မာအသင်းက ထိုင်းကို ရှုံးခဲ့ရပါတယ်။ ထိုင်းက ဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့်၊ တိုက်စစ်ဆင်မှုတွေလည်း ပိုမိုပြုလုပ်နိုင်ခဲ့ကာ တိုက်စစ်ပိုင်းက အခွင့်အရေးရချိန်မှာ အသုံးချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာအနေနဲ့ ထိုင်းခံစစ်ကို ကျော်ဖြတ်ဖို့အတွက် တော်တော်လေးခက်ခဲနေခဲ့ပြီး အပိုင်ကန်သွင်းနိုင်တဲ့ အခွင့်အရေးကတော့ နည်းပါးခဲ့ပါတယ်။ ထိုင်းကတော့ လူငယ်မျိုးဆက်သစ်တွေနဲ့အတူ ဆီးဂိမ်းဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီး အင်ဒိုနီးရှားနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ကာ မြန်မာကတော့ ဗီယက်နမ်နဲ့ ကစားရမှာပါ။
ထူးခြားချက်တခုကတော့ မြန်မာအမျိုးသမီးအသင်းက ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ ကစားရမှာဖြစ်လို့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်အဆင့်တွေမှာ မြန်မာနှစ်သင်းစလုံး တူညီတဲ့အသင်းတွေကို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ အမျိုးသမီးအသင်းကတော့ ထိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ယူ-၂၂ အမျိုးသားအသင်ကးကတော့ အရေးနိမ့်ခဲ့ရပါတယ်။