မြန်မာလူမျိုးတွေရဲ့ လျှာနဲ့လည်း အရသာတွေ့စေမှာဖြစ်သလို ကလေးတွေနဲ့ လူငယ်တွေလည်း အကြိုက်တွေ့စေမယ့် မုန့်ကလေးကတော့ Churros လို့ခေါ်ပါတယ်။ ဒီမုန့်ကိုတော့ စနောက်ပြီး စပိန်အီကြာကွေးလို့လည်း ခေါ်ပါသေးတယ်။ ကြွပ်ရွပြီး အိနေတဲ့ အရသာလေးကတော့ စားချင်စိတ်ထပ်တလဲလဲ ဖြစ်စေတဲ့ ဒီမုန့်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။
စပိန်ရိုးရာသရေစာကလေး Churros
ဒီမုန့်ကလေးဟာဆိုရင်တော့ စပိန်နိုင်ငံရဲ့ ရိုးရာသရေစာမုန့်ကလေးဖြစ်ပါတယ်။ ဥရောပဘက်မှာ အစားများကြပြီး ခုခါမှာဆိုရင်တော့ အာရှ နိုင်ငံတော်တော် များများမှာပါ အကြိုက်တွေ့စားသုံးလာကြပါတယ်။ Churros ဆိုတာကတော့ ဂျုံ၊ ထောပတ်နဲ့ နို့ တို့ကို အချိုးကျပေါင်းစပ်ပြီး ရလာတဲ့မုန့်သား dough ကိုမှ ရှည်ရှည်လေးတွေ ပုံသွင်းပြီး ဆီပူပူမှာပြန်ကြော်တဲ့ ရိုးရာမုန့်တစ်မျိုးဖြစ်ပါတယ်။
“အရမ်း stress များနေတဲ့အချိန် စိတ်ဖိစီးမှုများနေတဲ့အချိန်ဆိုရင် ဒီမုန့်ကလေးကို စားစေချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမုန့်ကလေးရဲ့ အရသာက ကြော်ပြီးလိုက်တဲ့အချိန်မှာ အပြင်ကနေ ကြွပ်ကြွပ်ရွရွလေး အထဲမှာ အိနေတဲ့ အရသာလေးက လူကိုပျော်ရွှင်စေတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုများတဲ့အချိန်ဆို ဒီမုန့်လေးစားဖို့ အကြံပြုချင်ပါတယ်” လို့ Churros Myanmar Supervisor မချစ်စုမွန်က ပြောပါတယ်။
အရသာအမျိုးအစားပေါင်းများစွာရရှိနိုင်
Original Churros ၊ Filled Churros နဲ့ Glazzed Churrosဆိုပြီး ၃မျိုးရှိပါတယ်။ Filled Churros မှာတော့ Vanilla ၊ Hazelnut နဲ့ Peanut ဆိုပြီး အရသာ ၃ မျိုးရွေးချယ်စားသုံးနိုင်ပါတယ်။ Glazzed Churros မှာတော့ Charcoal ၊ Nutella ၊ Fruity Vanilla ၊ Pistachios ၊ Choco Crunch ၊ Sprinkle Berry ဆိုပြီး ထပ်မံရွေးချယ်နိုင်ပါတယ်။ တွဲဖက်စားသုံးရတဲ့ Sauce လေးတွေကိုလည်း ၄ မျိုး (Thai Tea, Chocolate, Vanilla, Salted Caramel ) ရရှိနိုင်ပါသေးတယ်။
ဉရောပအရသာစစ်စစ်ရရှိဖို့
စပိန်နိုင်ငံရဲ့ ရိုးရာ အစားအစာ churros လေးတွေကိုတော့ ဉရောပအရသာစစ်စစ်ရရှိဖို့အတွက် Europe ဘက်ကနေ ဂျုံ ကုန်ကြမ်း စစ်စစ်တွေ မှာယူပြီး ပြုလုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဆီသန့် ကိုသာ အသုံးပြုထားတာမို့ လူမျိုး ဘာသာမရွေး၊ ကလေး လူကြီး မရွေးကျန်းမာရေး ညီညွတ်စွာ စားသောက်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဈေးနှုန်းအစားစား ဝယ်ယူနိုင်
“ပုံမှန် ၁၃ လက်မဆိုဒ်ကို ၁၆၀၀ နဲ့ ရောင်းချပေးပါတယ်။ ၃၂၀၀ တန်လည်းရှိတယ်။ တွဲဖက်စားသုံးရတဲ့ Sauceကတော့ တစ်ခွက်ကို ၇၀၀ ပါ။ Filledကတော့ တစ်ချောင်းကို ၂၈၀၀ ပါ။ ဈေးနှုန်းလည်း အမျိုးမျိုးရှိသလို အရသာလည်း မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ရှိပါတယ်။”
လိပ်စာလေးတွေကတော့
စပိန်အီကြာကွေးလေးတွေကို ကြိုက်တယ် ၊ ဒါမှမဟုတ် အရသာ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ပြည်လမ်း စိန်ဂေဟာမှာတစ်ဆိုင် ၊ ဂမုန်းပွင့် - စံရိပ်ငြိမ်မှာတစ်ဆိုင် ၊ United Living Mallမှာတစ်ဆိုင် ရှိတာမို့ ကိုယ်နဲ့ နီးစပ်ရာနေရာတွေမှာ ဝယ်ယူလို့ရသလို Foodpanda ကနေ မှာယူစားသုံးနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။