စံပြဆေးရုံမှာ ကွယ်လွန်သွားတာပါ။

"ကျွန်တော်နဲ့ နောက်နှစ်ရက်လောက် နေရင် တွေ့ဖို့ ချိန်းထားသေးတယ်။အခုလို သတင်းကြားရတာ အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်"လို့ ဝေဠုကျော်က ဆိုပါတယ်။

 

Photo : သီဟတင်စိုး

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ ဒီနေ့(ဖေဖော်ဝါရီလ၂၁ရက်) နေ့လည်က နှလုံးရောဂါနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သရုပ်ဆောင် ဝေဠုကျော်က Duwun ကို ပြောပါတယ်။

“ ကျွန်တော်လွန်ခဲ့တဲ့ မိနစ် ၂၀လောက်ကမှ အကို့သတင်းကို တပည့်လေးက လှမ်းပြောလို့ သိရတာ။ အခု ကျွန်တော် စံပြဆေးရုံကို လိုက်သွားနေပါပြီ။ အကိုနဲ့ ကျွန်တော် လွန်ခဲ့တဲ့ ၂ပတ်လောက်မှ တွေ့ဖြစ်သေးတာ ။ အဲ့တုန်းကလည်း ကျန်းမာရေး ကောင်းပါတယ်။ထမင်းတွေဘာတွေ အတူတူ စားဖြစ်တယ်။ ကျွန်တော်နဲ့ နောက် ၂ရက်လောက် နေရင် တွေ့ဖို့ ချိန်းထားသေးတာ ။အခုလို သတင်းကြီး ကြားရတော့ ကျွန်တော် ရှော့ရသွားတယ်။ခင်စံပယ်ဦး တို့ကိုလည်း အကြောင်းကြားထားပြီးပြီ" လို့ သရုပ်ဆောင် ဝေဠုကျော်က ဆိုပါတယ်။





သရုပ်ဆောင် သီဟတင်စိုးဟာ နှလုံးရောဂါ‌ဝေဒနာ ခံစားနေရတာ အချိန်ကာနေပြီ ဖြစ်ပြီး ဒီနေ့မနက်မှာ နှလုံး ဖောက်လို့ ဆေးရုံသို့ အားချင်း ပို့ဆောင်ခဲ့ပေမယ့် အသက်မမီတော့တဲ့ အခြေအနေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် (၅၅)နှစ် အရွယ်ရှိလို့ နေပါပြီ။


သရုပ်ဆောင် သီဟတင်စိုး ရုတ်တရက် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းအပေါ် အနုပညာမောင်နှမတွေသာမက ပရိသတ်တွေကပါ စိတ်မကောင်း ဖြစ်လို့ နေကြပါတယ်။သရုပ်ဆောင် သီဟတင်စိုးဟာ ဆယ်စုနှစ်များစွာ အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်သလို အနုပညာသက်တမ်းတစ်လျှောက် အင်္ဂလိပ်၊ ကျပန်တော်လှန်ရေးကားတွေ အများဆုံး ရိုက်ခဲ့တဲ့ သရုပ်ဆောင် တစ်ယောက် လည်း ဖြစ်ပါတယ်။သရုပ်ဆောင်အကယ်ဒမီသီဟတင်စိုးဟာ ၂၀၀၀ခုနစ်ကငရဲသားဇာတ်ကားဖြင့်ဒါရိုက်တာနှင့်အဓိကသရုပ်ဆောင်ထူးချွန်ဆုကိုရရှိခဲ့သူဖြစ်ပါတယ်။

သရုပ်ဆောင် သီဟတင်စိုးရဲ့ ဇနီး သရုပ်ဆောင် ‌ဇင်မာဦးဟာလည်း ၂၀၂၁ခုနှစ်၊ မတ်လ(၂၁) ရက်နေ့က အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် သီဟတင်စိုး ကွယ်လွန်ချိန်မှာတော့ သမီးတစ်ယောက် ၊ သားတစ်ယောက် ကျန်ရှိနေခဲ့ပြီး သူတို့လေး

တွေကို ညီမဖြစ်သူ ခင်စံပယ်ဦးက တာဝန်ယူ စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က