ဗီလာကလည်း ဒေါက်ဂလပ်စ်လုဇ်အတွက် စျေးတင်တောင်းခဲ့တာပါ။

အာဆင်နယ်ပရိသတ်တွေဟာ အသင်းရဲ့နည်းစနစ်ဒါရိုက်တာ အီဒူးကို ရာထူးကနှုတ်ထွက်ပေးဖို့ ဆိုရှယ်မီဒီယာကတဆင့် ဖိအားပေးတောင်းဆိုနေကြပါတယ်။ အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်မှာ (၅) ပွဲ ကစားပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။



အဆိုပါလန်ဒန်မြို့ခံအသင်းအနေနဲ့ ဒီနွေရာသီမှာ ဇင်ချန်ကို၊ ဂျီးဆပ်စ်၊ ဖေဘီယိုဗီအဲရာတို့လို ကစားသမားတွေကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ မနေ့က အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အာဆင်နယ်က အက်စတွန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ်လုဇ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀) နဲ့ ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့် ဆွေးနွေးမှုတွေပြုလုပ်နေချိန်မှာ အက်စတွန်ဗီလာဘက်က ပြောင်းရွှေ့ကြေးပေါင်သန်း (၄၀) အထိ တိုးမြှင့်တောင်းဆိုခဲ့တာကြောင့် အီဒူးတို့ဘက်က နောက်ဆုတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက ဒေါသထွက်နေပြီး တွစ်တာပေါ်မှာ #EduOut ဆိုပြီး အသင်းရဲ့လုပ်ရပ်ကို ပေါက်ကွဲနေကြတာဖြစ်ပါတယ်။

ဒီကစားသမားဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ အက်စတွန်ဗီလာပွဲမှာ အက်စတွန်ဗီလာအတွက် ချေပဂိုးတဂိုးကို ထောင့်ကန်ဘောကတဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒေါက်ဂလပ်စ်လုဇ်ရဲ့ ထောင့်ကန်ဘောကန်ချက်က တော်တော်လေး ပြောစရာဖြစ်ခဲ့ပြီး ချီးကျူးခံနေရပါတယ်။

ဒါ့အပြင် ဒီကစားသမားက တပတ်အတွင်းမှာတင် ထောင့်ကန်ဘောကတဆင့် ဒုတိယအကြိမ်မြောက် တိုက်ရိုက်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဘော်လ်တန်နဲ့ကာရာဘောင်ဖလားပွဲမှာလည်း ဒေါက်ဂလပ်စ်လုဇ်က ပြိုင်ဘက်အသင်းဘက်ကို အခုလိုမျိုးပဲ ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က