ပေါ်တူဂီတို့ နိုင်ပွဲဆက်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လစ်ချင်စတိန်းနဲ့ ပေါ်တူဂီတို့ရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်မှာ ရော်နယ်ဒိုက အသင်းအတွက် ကောင်းမွန်တဲ့ အဆုံးသတ်နဲ့အတူ သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ပေါ်တူဂီက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။




ပထမပိုင်းပြီးခါနီး (၄၆) မိနစ်မှာ ပေါ်တူဂီ ကစားသမားတွေ နောက်တန်းကနေ လှလှပပ ကစားပုံ တည်ဆောက်လာခဲ့ပါတယ်။ အဲ့ဒီဘောလုံးကို ဂျိုတာက ရော်နယ်ဒိုရဲ့ ပြေးလမ်းကြောင်းထဲကို ချိန်သားကိုက်ခင်းပေးခဲ့ပါတယ်။

ဒီဘောလုံးကို ရရှိချိန်မှာ ရော်နယ်ဒိုအတွက် လုပ်ရကိုင်ရခက်တဲ့ အနေအထားမျိုးဖြစ်ပြီး ဂိုးသမားကလည်း ရှေ့တက်လာခဲ့သလို ကန်ရမယ့်ထောင့်ကလည်း ကျဉ်းသွားခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ ဂိုးသမားရဲ့ အဝေးထောင့်ထဲကို ကန်သွင်းခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ကန်ချက်က တိကျသေချာခဲ့ပြီး ထောင့်ကျဉ်းအနေအထားကနေ ဘယ်ခြေနဲ့ ကန်သွင်းလိုက်တာက ဂိုးသမားရဲ့ ညာဘက်ကအပေါ်ထောင့်ထဲ ဝင်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပေါ်တူဂီက ကန်ဆယ်လိုရဲ့ နောက်ထပ်သွင်းဂိုးတစ်ဂိုးနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပေါ်တူဂီဟာ ယူရို - ၂၀၂၄ ခြေစစ်ပွဲကို အောင်မြင်ပြီးသားအသင်းဖြစ်ပေမယ့် ဒီပွဲမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ နိုင်ပွဲထပ်ယူခဲ့တာပါ။ ပေါ်တူဂီအုပ်စုမှာ ဆလိုဗက်ကီးယား၊ လူဇင်ဘတ်၊ ဘော့စနီးယား၊ အိုက်စလန်နဲ့ လစ်ချင်စတိန်းတို့ ပါဝင်ပြီး ပွဲတိုင်းမှာ ပေါ်တူဂီက အနိုင်ရရှိထားပါတယ်။  

Share

Loading Next Article...
က္က