သူ့ထက်ဆိုးရွားတာဆိုလို့ မန်စီးတီးနောက်ခံလူကန်ဆယ်လိုပဲ ရှိပါတော့တယ်။

ပြင်သစ်လီဂူးမှာ ပီအက်စ်ဂျီကစားသမားအဖြစ်နဲ့ စတင်ကစားခဲ့တဲ့ မက်ဆီဟာ အသင်းသစ်မှာ ရုန်းကန်နေရပြီး လိဂ်ဂိုး ၁ ဂိုးတည်းသာ ရယူထားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးအတွက် လီဂူးပြိုင်ပွဲတွေက လွယ်ကူခဲ့မယ်လို့ အားလုံးကမှတ်ယူခဲ့ပေမယ့်လည်း အမှန်တကယ်တမ်းမှာတော့ မက်ဆီဟာ နေရာဒေသသစ်၊ အသင်းသစ်၊ ပတ်ဝန်းကျင်သစ်မှာ အသားကျအောင် မနည်းရုန်းကန်နေခဲ့ရပါတယ်။ 

အခုထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရဆိုရင်လည်း ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ မက်ဆီက ဂိုးအဖြစ်ပြောင်းလဲနိုင်မှုစွမ်းရည်မှာ ဒုတိယမြောက်အဆိုးဝါးဆုံးကစားသမားဖြစ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ပိုချက်တီနိုလက်အောက်မှာ မက်ဆီက ဂိုးကန်သွင်းချက် ၄၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ၁ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

သူ့ထက်ဆိုးရွားတဲ့ကစားသမားအဖြစ် မန်စီးတီးနောက်ခံလူကန်ဆယ်လိုတဦးတည်းသာရှိခဲ့ပြီး သူကတော့ ၄၆ ကြိမ်ကန်သွင်းခဲ့ရာမှာ ၁ ဂိုးရရှိထားခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီမှာ ကြံ့ခိုင်မှုပြည့်၀ဖို့၊ အသင်းဖော်တွေနဲ့ သဟဇာတဖြစ်ဖို့၊ ကိုဗစ်ကူးစက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘာစီလိုနာမှာပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်လည်ရရှိဖို့အတွက် တော်တော်လေးခက်ခဲနေတာဖြစ်ပါတယ်။ 

ဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပေမယ့် ဒါက သူ့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ယှဉ်မယ်ဆိုရင် ပြောပလောက်စရာ ကိန်းဂဏန်းမဟုတ်တာကြောင့် ခြေစွမ်းမပြနိုင်သူလို့ သတ်မှတ်ခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ မက်ဆီက ၅ ဂိုးအထိ ရရှိထားကာ ခြေစွမ်းပြခဲ့ပြီး အသင်းကို နောက်တဆင့်ပို့ဆောင်ပေးနိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။ 

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ပဲရစ်မှာ မပျော်မရွှင်ဖြစ်နေတဲ့ မိသားစုကြောင့်လည်း စိတ်ဒုက္ခရောက်နေဖွယ်ရှိပါတယ်။ ဇနီးနဲ့ သားသမီးတွေက ဘာစီလိုနာမှာသာ ပိုမိုပျော်မွေ့ပြီး ပဲရစ်မှာ အဆင်မပြေဘူးလို့ ရင်ဖွင့်ထားတာကြောင့် မက်ဆီအတွက်တော့ ကွင်းတွင်း၊ကွင်းပြင်အာရုံတွေများနေစရာဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က