ဘာကာအတွက် လိဂ်ပွဲ ၆ ပွဲမှာ သွင်းဂိုး ၅ ဂိုး ရရှိသွားပြီဖြစ်ပါတယ်။

အာဆင်နယ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက် အော်ဘာမီယန်ကတော့ ထိန်းလို့သိမ်းလို့မရအောင်ကို ခြေစွမ်းတွေပြနေပါတယ်။ ဂါဘွန်တိုက်စစ်မှူးဟာ မနေ့က ကစားခဲ့တဲ့ အိုဆာဆူနာနဲ့ပွဲမှာလည်း အသင်းအတွက် အနိုင်ဂိုးတဂိုးထပ်သွင်းယူပေးခဲ့ပြီး ဘာကာဂန္ထဝင်ကစားသမားတချို့ရဲ့ မှတ်တမ်းတွေကိုပါ လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။ 

ဘာစီလိုနာက ၄-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ အော်ဘာမီယန်က တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီဂိုးကတော့ သူ့အတွက် လာလီဂါမှာ ၆ ပွဲကစားအပြီး ၅ ဂိုးမြောက်သွင်းဂိုးဖြစ်လာခဲ့ကာ ပြိုင်ပွဲစုံ ၉ ပွဲမှာ ၆ ဂိုးအထိ ရရှိစေခဲ့ပြီလည်းဖြစ်ပါတယ်။ အာဆင်နယ်အတွက် ၁၄ ပွဲကစားပေးခဲ့ရာမှာ ၄ ဂိုးသာရရှိခဲ့ပေမယ့်လည်း လာလီဂါမှာတော့ ၆ ပွဲကစားအပြီးမှာပဲ ဂိုးပိုရခဲ့တာလည်းဖြစ်ပါတယ်။ 

အိုဆာနဲ့ပွဲမတိုင်ခင်မှာ ဘာကာအတွက် သူက ဗလန်စီယာနဲ့ပွဲမှာ ၃ ဂိုး၊ ဘီလ်ဘာအိုနဲ့ပွဲမှာ ၁ ဂိုး၊ နာပိုလီနဲ့ပွဲမှာ ၁ ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သူက ဘာစီလိုနာအတွက် လိဂ်ပွဲ ၆ ပွဲကစားအပြီးမှာ ၅ ဂိုးသွင်းယူခဲ့ကြတဲ့ ဇလာတန်၊ ရော်နယ်ဒို၊ ယိုဟန်ခရိုက်၊ ရိုမာရီယို၊ ရော်နယ်ကိုးမန်း၊ ဟန်စ်ခရန်ကယ်လ်၊ ဆန်ဒါကော့စစ်တို့ရဲ့ စံချိန်တွေကို လိုက်မီခဲ့ပြီလည်းဖြစ်ပါတယ်။ 

အာဆင်နယ်မှာ စည်းကမ်းပိုင်းဆိုင်ရာပြသနာတွေကြောင့် အသင်းနဲ့လမ်းခွဲခဲ့ရတဲ့ အော်ဘာမီယန်ကို ဘာကာကအလွတ်ခေါ်ယူနိင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုအခါမှာ ကစားသမားက ခြေစွမ်းတွေပြသနေတာမို့ သူတို့အတွက် မှန်ကန်တဲ့ခေါ်ယူမှုတခုဖြစ်လာတယ်လို့ ဆိုရမှာဖြစ်ကာ ဇာဗီရဲ့အသင်းက နိုင်ပွဲတွေ ခပ်စိတ်စိတ်ရယူနေခဲ့ပြီး အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က