သူတို့စုံတွဲရဲ့ ဗယ်လင်တိုင်းမ် အစီအစဉ်ကိုပြောပြလာပါတယ်။

စည်ဖြိုးက ချစ်သူကောင်မလေး ခင်ရတနာလွှမ်းမိုးနဲ့ အတူ ‘’ချစ်သူများနေ့’’ကို ဖြတ်သန်းသွားမယ့် အကြောင်းလေးကို ပြောပြလာပါတယ်။

Photo: Khin Yandanar Lwan Moe

သရုပ်ဆောင် စည်ဖြိုးနဲ့ ချစ်သူကောင်မလေး ခင်ရတနာလွှမ်းမိုး တို့ရဲ့ ချစ်သူသက်တမ်းကတော့ ကြာနေပါပြီ။ သူတို့ ချစ်သူနှစ်ဦးရဲ့ ‘’ချစ်သူများနေ့’’ ဖြတ်သန်းသွားမယ့် ပုံရိပ်အကြောင်းကို စည်ဖြိုးက မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

‘’ဗယ်လင်တိုင်းဒေးတော့ ခဏတာပျော်ဖို့ထက် ရေရှည်ပျော်ရဖို့အတွက် တိုင်ပင်ရမယ့် အခြေအနေ ဖြစ်သွားပြီလေ။ အဲဒီတော့ ရှေ့ရေးအတွက် စကားပြောပြီးတော့ပဲ အေးအေးဆေးဆေးဖြတ်သန်းမယ်ပေါ့’’ လို့ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖြေဆိုခဲ့ပါတယ်။

Photo: Si Phyo

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ် ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်း များစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။

Photo: Si Phyo

စည်ဖြိုးရဲ့ ချစ်သူလေး ခင်ရတနာလွှမ်းမိုးကိုတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖေ့စ်ဘွတ်စာ မျက်နှာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်လှပ မှုတွေကြောင့်လည်း ယောကျ်ားလေး ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သလို မိန်းကလေး ပရိသတ်တွေရဲ့ အားကျမှုကိုလည်း ခံခဲ့ရပါတယ်။

Photo: Si Phyo

စည်ဖြိုးပါဝင်သရုပ်ဆောင်ထားတဲ့ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်ဇာတ်ကားကြီးက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျှက်ရှိပါတယ်။ ဒီဇာတ်ကားထဲမှာ စည်ဖြိုးကို ‘’ပွဲစား’’ ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာပါ။ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မင်းသွေး၊ စည်ဖြိုး၊ နေမင်း၊ ပိုင်ဖြိုးသု၊ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Share

Loading Next Article...
က္က