ပွဲမှာလည်း မပါဝင်ဖြစ်သလို လက်ရှိမှာလည်း မန္တလေးကို ရောက်နေတာ သုံးလလောက် ရှိပြီလို့ သူက ဆိုပါတယ်။
Photo: JANAW Page
အဆိုတော် နောနော်ဟာ ခရစ်ယာန်တရားဟော ဆရာနဲ့ အနီးကပ်ရှိနေခဲ့တာကြောင့် Quarantine ဝင်နေရပြီ ဆိုတဲ့ သတင်းအမှားတွေအပေါ် ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ နောနော်က လက်ရှိမှာ မန္တလေးမှာ နေထိုင်နေပြီး တရားတို့နဲ့အတူ ပွဲမတက်ဖြစ်တာ တော်တော်ကြာနေပြီလို့ ဆိုပါတယ်။
“အကိုမန္တလေးရောက်နေတာ သုံးလလောက်ရှိပြီ။ ကျွန်တော်ပါသွားပြီလို့ ထင်နေကြတာတွေလည်းရှိတယ်။ ကျွန်တော်ပွဲတွေလည်းမတက်ဖြစ်ပါဘူးအခုမန္တလေးကိုရောက်နေတာ ကြာပြီ။ ကျွန်တော် ဇန်နဝါရီလောက် ကတည်း ခရီးတောက်လျှောက်ထွက်နေတာနဲ့လေ ပွဲမှာလည်း မပါဝင်ဖြစ်ခဲ့ပါဘူး” လို့ နောနော်က Duwun ကိုပြောပါတယ်။
Photo: JANAW Page
အဆိုတော် နောနော်ဟာ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားရဲ့ ပွဲတော်တော်များများ မှာ အတူပါဝင်ဖြစ်သူ ဖြစ်တာပါတယ်။ လက်ရှိမှာ ဂီတညီအစ်ကိုတွေဖြစ်တဲ့အဆိုတော် မျိုးကြီး၊ဂျေမီနဲ့ နီတာတို့ အတွက် ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးနေတယ်လို့ သူက ဆိုပါတယ်။
သတင်းအမှားကြောင့် သူ့ကို စိုးရိမ်နေတဲ့ ပရိသတ်တွေအားကိုလည်း စိတ်မပူကြဖို့နဲ့ ပရိသတ်တွေ ကျန်းမာရေး ဂရုစိုက်ကြဖို့အတွက်ကို ထည့်သွင်းပြောပြခဲ့ပါသေးတယ်။
“ ကျွန်တော်ပါသွားပြီဆိုတဲ့ သတင်းတွေတွေ့တယ်။ စိတ်ပူပေးနေကြတဲ့ ပရိသတ်တွေလည်း စိတ်မပူကြပါနဲ့လို့ ပြောချင်ပါတယ်။ အားလုံး ကျန်းမာရေးဂရုစိုက်ကြပါအိမ်ထဲမှာဘဲ နေကြပါ” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၆၃ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ရန်ကုန်က ၅၀ ဦး၊ ပဲခူး(ပေါက်ခေါင်း)က ၄ဦး၊ချင်းပြည်နယ်က ၃ဦး၊ရှမ်းပြည်နယ်က ၂ဦး၊နေပြည်တော်၊မန္တလေးနဲ့မွန်(ကျိုက်မ ရော)၊ မကွေးက တစ်ဦးစီ ဖြစ်ပါတယ်။