ဇီဒန်းကတော့ ရန်ပုံငွေပွဲမှာပါ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်နဲ့ ပေါ်တိုဂန္တဝင်တို့ရဲ့ ပွဲစဉ်မှာတော့ ပရိသတ်အကြိုက် ကစားသမားအများအပြားကို ပြန်လည်မြင်တွေ့ ခံစားခွင့်ရရှိခဲ့ပါတယ်။ ဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲက ရီးရဲလ်မက်ဒရစ်ဖောင်ဒေးရှင်းက ပြုလုပ်တဲ့ ရန်ပုံငွေပွဲတစ်ပွဲဖြစ်ခဲ့ပြီး နာမည်ကျော်တွေ ပါဝင်ကစားခဲ့ပါတယ်။



ရီးရဲလ်မက်ဒရစ်ဘက်က ရာအူးလ်၊ ရော်ဘတ်တိုကားလို့စ်၊ ဖီဂို၊ မက်နာမန်နဲ့ ဇီဒန်းတို့အပါအဝင် ကြယ်ပွင့်ဟောင်းကြီးတွေ ပါဝင်ကစားခဲ့ပါတယ်။ ကာဆီးလက်စ်ကတော့ နှစ်သင်းစလုံးဘက်ကနေ ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်ပိုင်းစီ ပါဝင်ကစားပေးသွားခဲ့တာလည်း ဖြစ်ပါတယ်။


ဒါ့အပြင် ကာဆီးလက်စ်က လက်စွမ်းပြကာကွယ်မှုအချို့လည်း ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ ဒီပွဲမှာ နောက်ထပ် ချီးကျူးစရာဖြစ်ခဲ့တာကတော့ ဇီဒန်းပါပဲ။ ရီးရဲလ်မက်ဒရစ်မှာ ကစားသမားအဖြစ်နဲ့ရော၊ နည်းပြအဖြစ်နဲ့ပါ ဖြတ်သန်းခဲ့ဖူးတဲ့ ဒီပြင်သစ်သားကြီးက အသက် (၅၁) နှစ်အရွယ်အထိ သူ့ရဲ့ ခြေစွမ်းခြေစကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

ဒီရန်ပုံငွေခြေစမ်းပွဲမှာလည်း ဇီဒန်းရဲ့ လှုပ်ရှားမှုတွေ၊ အတို့အလှုပ်၊ ဘောလုံးပေးပို့မှုနဲ့ အမြင်တွေက ပရိသတ်တွေ လက်ခုပ်တီး ချီးကျူးရတဲ့အထိကို ဖြစ်ခဲ့တာပါ။ ပရိသတ်တွေကလည်း “ငါတို့ကတော့ သူ့ရဲ့ ကစားပုံက ဘယ်လင်ဟမ်နဲ့ တစ်ထပ်တည်းပါပဲ” “ဒီအသက် (၅၁) နှစ်အရွယ် ပုဂ္ဂိုလ်ကြီးက ဘယ်လိုဖြစ်ပြီး ဘယ်လင်ဟမ်လို ကစားနေရတာလဲ” လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

ဇီဒန်းဟာ (၂၀၀၁) ခုနှစ်မှာ ကစားသမားအဖြစ်နဲ့ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့ပြီး ကစားသမားဘဝ (၅) နှစ်အကြာ၊ နည်းပြဘဝမှာ ချန်ပီယံလိဂ်ဖလား (၃) လုံးနဲ့ လာလီဂါဖလား (၂) ကြိမ်တို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် တန်ဖိုးဖြတ်မရတဲ့ ဂန္တဝင်တစ်ယောက်အဖြစ် ရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က