ကိုပါအမေရိကဖလားချန်ပီယံနဲ့ ယူရိုချန်ပီယံတို့ ယှဉ်ပြိုင်ကစားရမယ့် ပွဲအဖြစ် လန်ဒန်ကို အာဂျင်တီးနားနဲ့ အီတလီအသင်းတို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲကတော့ ၂၁ ရာစုမှာ ပထမဆုံးအကြိမ်အဖြစ် တောင်အမေရိကနဲ့ ဥရောပ တိုက်ကြီး ၂ခု ရဲ့ ချန်ပီယံတွေရင်ဆိုင်ကစားကြမှာဖြစ်ပြီး ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။
ဘောလုံးအဖွဲ့ချုပ်နှစ်ခုကြား ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့ကာ ပရိသတ်တွေအတွက်တော့ ဆန်းသစ်တဲ့ပွဲစဉ်တခုကို ခံစားရမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် နှစ်သင်းစလုံးက လန်ဒန်ကိုရောက်ရှိလာခဲ့ပြီး လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ပါတယ်။ CONMEBOL-UEFA ချန်ပီယံဖလားလို့ နာမည်ပေးထားပြီး ဒီပြိုင်ပွဲကို နောက်ဆုံးအကြိမ်ကျင်းပခဲ့တဲ့ လွန်ခဲ့တဲ့ ၂၉ နှစ်က ဖြစ်ပါတယ်။
ထူးခြားမှုကတော့ ဒီပွဲမှာ နောက်ဆုံးဗိုလ်စွဲထားခဲ့တဲ့အသင်းက အာဂျင်တီးနားအသင်းဖြစ်နေတာပါပဲ။ ၁၉၉၃ ပြိုင်ပွဲမှာ အာဂျင်တီးနားက ယူရိုချန်ပီယံဒိန်းမတ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ၁၉၈၅ ပွဲမှာတော့ ပြင်သစ်က ဥရုဂွေးကို ၂-၀ နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ထားခဲ့လို့ ဥရောပနဲ့ တောင်အမေရိကတို့ကြား ချိန်ခွင်လျှာညီမျှနေခဲ့ပါတယ်။
အခုရင်ဆိုင်ရမယ့်ပွဲမှာတော့ အနိုင်ရမယ့်ဘက်က အစဉ်အလာအရ အသာစီးရရှိမှာလည်းဖြစ်ပါတယ်။ မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်း Artemio Franchi ကို အစွဲပြုပြီး အရင်ကတော့ Artemio Franchi Cup လို့ ခေါ်ဆိုခဲ့ပါသေးတယ်။ အခုအခါ ဒီပြိုင်ပွဲကို ပြန်လည်ကျင်းပဖို့အတွက် သဘောတူညီမှုရယူခဲ့ပြီး အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
မနက်ဖြန်ကစားမယ့်ပွဲမှာ ဗိုလ်စွဲသွားမယ့်အသင်းက အာဂျင်တီးနားလား၊ အီတလီလားဆိုတာကတော့.။