ဒီရာသီမှာ အသင်းရဲ့ အရေးအပါဆုံးကစားသမားဖြစ်နေတာပါ။

ဗင်နီရှပ်ဟာ အန်ဆယ်လော့တီလက်အောက်မှာတော့ အကောင်းဆုံးဘောလုံးရာသီကိုပိုင်ဆိုင်နေကာ အသင်းရဲ့ အရေးပါဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီမှာ ထူးထူးခြားခြားခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဗင်နီရှပ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီလိုပြင်ဆင်ရာမှာ ကစားသမားကို ၇ နှစ် စာချုပ်ချုပ်ဆိုသွားပြီး စာချုပ်အတွင်းမှာ လျော်ကြေးအဖြစ် ပေါင်သန်း ၉၄၀ အထိ ထည့်သွင်းသွားဖို့ပါ စီစဉ်ထားကြောင်း Sportbible က ဖော်ပြခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်ကို ဘာနေဗျူးမှာ ကာလရှည်ရှိနေစေဖို့အတွက် အားထုတ်လာခဲ့ပြီဖြစ်ပါတယ်။



ဗင်နီရှပ်ရဲ့ ရီးရဲလ်တို့ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ကလပ်အသင်းဘက်ကတော့ စာချုပ်သစ်ကို မြန်မြန်ချုပ်ဆိုချင်လာတာဖြစ်ပါတယ်။ ၂၀၁၈ မှာ စပိန်ကိုရောက်ရှိလာခဲ့တဲ့ ဗင်နီရှပ်ဟာ ရောက်ရောက်ချင်းပဲ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အန်ဆယ်လော့တီလက်အောက်မှာတော့ အကောင်းဆုံးဘောလုံးရာသီကို

ပိုင်ဆိုင်နေကာ အသင်းရဲ့ အရေးပါဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ 


တကယ်လို့သာ ဗင်နီရှပ်က ရီးရဲလ်ဘက်က ကမ်းလှမ်းချက်ကိုသဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့မယ်ဆိုပါက လက်ရှိဘောလုံးလောကမှာ လျော်ကြေးအများဆုံးပါဝင်တဲ့စာချုပ်တစ်ခုဖြစ်လာတော့မှာပါ။ ဒါဟာ ဗင်နီရှပ်ကို အခြားအသင်းတွေက အလွယ်တကူခေါ်ယူလို့မရနိုင်အောင် ရီးရဲလ်ဘက်က ကြိုတင်ပြင်ဆင်မှုဖြစ်ပြီး ကစားသမားကို ဘယ်လောက်ထိ ယုံကြည်တန်ဖိုးထားလဲဆိုတာကိုပါ ပြသခဲ့တာဖြစ်တယ်လို့လည်း ABC Spain က ဖော်ပြခဲ့ပါတယ်။ 

ဒါ့အပြင် လျော်ကြေးတန်ဖိုးအမြင့်ဆုံးကစားသမား ၇ ဦးအထိ ရီးရဲလ်မှာရှိနေရာ ဗင်နီရှပ်ကလည်း တစ်ဦးအပါအဝင်ဖြစ်လာတော့မှာဖြစ်ပါတယ်။ ကစားသမားကလည်း ဘာနေဗျူးမှာ ဆက်ကစားဖို့ဆုံးဖြတ်ထားတာဖြစ်လို့ လုပ်ခလစာညှိနှိုင်းမှုက တစုံတရာပြသနာမရှိနိုင်ဘူးလို့လည်း သိရပါတယ်။ ဒီရာသီမှ ဗင်နီရှပ်က အသင်းအတွက် ပြိုင်ပွဲစုံ၁၆ ပွဲကစားပေးထားရာမှာ ၉ ဂိုးသွင်းယူပြီး ၇ ကြိမ်ဖန်တီးပေးထားကာ တစ်ပွဲကိုတစ်ဂိုးနှုန်း တိုက်ရိုက်ပါဝင်ပတ်သက်နေတာလည်းဖြစ်ပါတယ်။ 

Share

က္က