ပရိသတ်နဲ့ စကားများခဲ့တာပါ။

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုဟာ မနေ့ညက ဘရန့်ဖို့ဒ်ကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရဲ့ တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင် သူ့ကို လှောင်ပြောင်ခဲ့တဲ့ ပရိသတ်အချို့နဲ့ ပြဿနာတက်ခဲ့တဲ့အပေါ် ဖြေရှင်းလာခဲ့ပါတယ်။



ဂျက်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဗီလာရီးရဲလ်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ အဝါကတ်အရေအတွက်က အသင်းအတွက် သူသွင်းယူပေးတဲ့ သွင်းဂိုးအရေအတွက်ထက် ပိုမိုများပြားနေပါတယ်။
ဒါ့အပြင် မနေ့ညကလည်း ပထမပိုင်းအပြီးမှာတင် ဂျက်ဆင်က သူ့ကို ဝေဖန်လှောင်ပြောင်ခဲ့တဲ့ ချဲလ်ဆီးပရိသတ်ကို ခွန်းတုံ့ပြန်ရင်း ပြဿနာဖြစ်ပွားခဲ့ပါတယ်။ ပွဲအပြီးမှာ ပိုချက်တီနိုက “ဂျက်ဆင်က အာရုံစူးစိုက်မှု အနည်းငယ်လွတ်သွားပုံပါပဲ”
“ဒါမျိုးပြောနေတာကို ရပ်တန့်ပြီး လိုအပ်တဲ့ ထောက်ခံမှုတွေ ပေးဖို့အထိပါ ကျွန်တော် သူ့ကို ပြောခဲ့တာပါ။ ပရိသတ်တွေကို လေးစားမှုထားဖို့အတွက်ရောပေါ့။ သူ့ကို “မင်းနိုးထလိုက်တော့” လို့ ပြောခဲ့တာက ကစားသမားတွေအတွက် တကယ်ကို ဆိုးရွားတဲ့ အယူအဆစ်ခုဖြစ်ခဲ့ပါတယ်။ ဒီထက် ဘာမှမပိုပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂျက်ဆင်ဟာ ဒီရာသီအစောပိုင်းမှာကတည်းက ငါးပွဲဆက်တိုက် အဝါကတ်ထိခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်လည်း ခံခဲ့ရပြီးဖြစ်ပါတယ်။ အသင်းရဲ့ နည်းပြ ပိုချက်တီနိုကတော့ ကစားသမားရဲ့ အမူအကျင့်တွေကို ထိန်းသိမ်းဖို့၊ မလိုအပ်ဘဲ ကွင်းလယ်ဒိုင်တွေကို စောဒကတက်ရင်း အဝါကတ်တွေ ဆက်တိုက်မထိစေဖို့ ဂျက်ဆင်ကို သတိပေးခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က