လီဗာပူးနဲ့ပွဲမှာ မြင်တွေ့ခဲ့ရတာပါ။

အာဆင်နယ်ပရိသတ်တွေဟာ အသင်းနည်းပြ အာတီတာရဲ့ လီဗာပူးနဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်က ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဟာသနှောပြီး နောက်ပြောင်နေကြကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ အာဆင်နယ်တို့ လီဗာပူးကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။



အဲ့ဒါကြောင့်လည်း အာဆင်နယ်တို့ အက်ဖ်အေဖလား တတိယအဆင့်ကနေပဲ စောစောစီးစီး ထွက်ခွာခဲ့ရပြီး ဖလားတစ်လုံးကို ထပ်မံလက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်အတွက်လည်း ပြိုင်ပွဲစုံ နောက်ဆုံး (၇) ပွဲမှာ (၆) ပွဲအထိ နိုင်ပွဲ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ အာဆင်နယ်တို့ အခွင့်အရေးအချို့​​ရရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းက အသုံးမချနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း အာတီတာတစ်ယောက် ကွင်းဘေးမှာ အားမလို အားမရဖြစ်နေခဲ့ပြီး ဒီအချိန်မှာပဲ ရုပ်သံကင်မရာတွေကတစ်ဆင့် မြင်တွေ့ရတဲ့ မြင်ကွင်းကို ပရိသတ်တွေက လှောင်ပြောင်နေကြတာပါ။

အာတီတာကို ရှေ့တည့်တည့်က ကင်မရာချိန်ထားတဲ့နောက် အာတီတာ ဝတ်ဆင်ထားတဲ့ ဘောင်းဘီက ဂွပြနေသလိုမျိုး၊ ဆွေးနေသလိုမျိုး မြင်တွေ့ခဲ့ရပါတယ်။ မျက်စိအမြင်စူးရှတဲ့ ပရိသတ်တွေကတော့ ဒါကို ချက်ချင်းဆိုသလိုပဲ သတိပြုမိခဲ့ပြီး အာတီတာအနေနဲ့ တိုက်စစ်မှူးအသစ်ထက် ဘောင်းဘီအသစ် အရင်ဝယ်ဖို့ လိုအပ်ကြောင်း နောက်ပြောင်နေကြတာပါ။

ပရိသတ်တွေက “အာတီတာက ဘယ်လောက်တောင် စိတ်ပျက်နေလဲဆိုရင် သူ့ဘောင်းဘီကိုတောင် သူ ဖြဲလိုက်ပါပြီ” “ကျွန်တော့်အထင် အာတီတာက ဘောင်းဘီအသစ်အချို့ကို အရင်ဝယ်ရမှာပါ” “တိုက်စစ်မှူးအသစ်အတွက် ခဏထားလိုက်ပါဦး။ အာတီတာအတွက် ဘောင်းဘီအသစ် အရင်ဝယ်ဖို့ လိုအပ်ပါတယ်” လို့ အသီးသီး နောက်ပြောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က