ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ယနေ့ည(၈)နာရီသတင်းထုတ်ပြန်ချက်မှာ COVID-19ရောဂါပိုးပျောက်ကင်းသက်သာသူတစ်ဦးထပ်တိုးခဲ့တယ်လို့သိရပါတယ်။
ရောဂါပိုးကင်းစင်ခဲ့တဲ့ လူနာကတော့ လူနာအမှတ်(၉၆)ဖြစ်ပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေသူပါ။ လူနာအမှတ်(၉၆)က ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် (၄၃)နှစ်အရွယ် အမျိုးသားဆရာဝန်တစ်ဦးဖြစ်ပြီး တာချီလိတ်မြို့ကို ပြန်လာခဲ့စဉ်မှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ကျိုင်းတုံဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဆေးစစ်ချက်အရ နှစ်ကြိမ်ဆက် Negative ပြခဲ့လို့ ရောဂါပိုးကင်းစင်သူအဖြစ် သတ်မှတ်ခဲ့ပြီး ကျိုင်းတုံဆေးရုံကြီးမှာပဲ ၂၁ရက် Quarantine နေထိုင်ကာ ဆက်လက်စောင့်ကြည့်သွားမယ်လို့သိရပါတယ်။ လူနာအမှတ်(၉၆)က တာချီလိတ်မြို့ရဲ့ပထမဆုံး COVID-19ရောဂါပိုးတွေ့အတည်ပြုလူနာဖြစ်ပြီး ကျိုင်းတုံဆေးရုံမှာ မိုင်းဖြတ်မြို့က လူနာအမှတ်(၆၄)နဲ့ တာချီလိတ်မြို့ကလူနာအမှတ်(၁၁၂)တို့ ဆက်လက်ကုသမှုခံယူနေပါတယ်။
ယနေ့ည(၈)နာရီသတင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၃၂၂ခုကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာတွေ့ရှိခဲ့ခြင်းမရှိပါဘူး။ မေလ ၆ရက်နေ့ညအထိမြန်မာနိုင်ံငံမှာ COVID-19 ရောဂါပိုးတွေ့အတည်ပြုလူနာ ၁၆၁ဦးရှိပြီး ၆ဦးသေဆုံးကာ ၅၀ဦးပြန်လည်သက်သာကောင်းမွန်ထားပါတယ်။