မြန်မာ ၁ ယောက်နဲ့ ထိုင်း ၅ ယောက်ကိုဖမ်းထားပါတယ်။
တာချီလိတ်မြို့က ညပျော်ပွဲစားရုံတစ်ခုမှာ ထိုင်းအဆိုတော်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်မှာ တာချီလိတ်မှာ လုံခြုံရေးတင်းကြပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံသား ၅ ယောက်နဲ့ မြန်မာ ၁ ယောက်ကို မူးယစ်မှုတွေ၊ လက်နက်မှုတွေနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ တာချီလိတ်မြို့မရဲ့စခန်းက သိရပါတယ်။

Photo - The Nation



"သူတို့ကို မူးယစ်ဆေးမှုတွေအပါအဝင် လက်နက်မှုတွေနဲ့ ဖမ်းဆီးခဲ့တာပါ။ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။"လို့ တာချီလိတ်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက Duwun ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ထိုင်းအဆိုတော်တဦးနဲ့ ငွေကြေးကိစ္စစကားများကြရာကနေ လူတစ်စုက ထိုင်းအဆိုတော်ရဲ့ မျက်နှာကို သေနတ်နဲ့ အနီးကပ် ၃ ချက်ပစ်သတ်ခံခဲ့ရပြီး နောက် တာချီလိတ်ရဲစခန်းက အဲ့ဒီလူတွေကို လိုက်လံစုံံစမ်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသားတစ်ယောက်ဆီကနေ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးတွေမိခဲ့တယ်လို့ဆိုပါတယ်။ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက ထိုင်းနိုင်ငံသားတဦးကို မယ်ခေါင်ရပ်ကွက်ထဲက ရွှေမြေသာယာဈေးအနီး သတင်းအရ စောင့်ဆိုင်းနေချိန်မှာ တွေ့ရှိလို့ ဖမ်းဆီးရမိတဲ့အချိန် လက်ထဲ မူးယစ်ဆေးဝါးတွေ့ရှိပြီး စစ်ဆေးချက်အရ မူးယစ်ဆေးပြား ၆ ထောင်ကျော်နဲ့ ခေါင်းခါဆေး (Ecstasy) ပြား ၁၄၀ အပြင် မူးယစ်ဆေးဝါး လက်ရိုက်စက် ၁ တလုံးဖမ်းမိခဲ့ပါတယ်။ အဲ့ဒီနောက် ဆက်လက်စုံစမ်းရာမှာ ထိုင်းအမျိုးသမီးနှစ်ယောက်ကိုလည်း မူးယစ်ဆေးတွေနဲ့ မိခဲ့ပါတယ်။

တာချီလိတ်မြို့ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြို့မျက်နှာဖုံးသူဌေးတစ်ယောက်ကို မြို့လယ်မှာ သေနတ်နဲ့ ၇ ချက်ဆင့်ပစ်သတ်ခဲ့သလို ထိုင်းနိုင်ငံသားတစ်ယောက်အသတ်ခံရမှုကြောင့် လူသတ်မှု ၂မူအထိဖြစ်လာတာကြောင့် လုံခြုံရေးတင်းကြပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က