ဒီကနေ့ နိုဝင်ဘာလ (၂၀)ရက်နေ့ ည (၇)နာရီ (၄၅)မိနစ်အချိန်လောက်မှာ မြန်မာနိုင်ငံအနှံ့အပြားတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တိုင်းနဲ့ပြည်နယ်အများစုမှာ တစ်ပြိုင်နက်တည်း လျှပ်စစ်ဓာတ်အားပြတ်တောက်သွားပါတယ်။



ရန်ကုန်အပါအဝင် တခြားမြို့ကြီးတွေဖြစ်တဲ့ နေပြည်တော်၊ ပဲခူး၊ တောင်ငူ စတဲ့မြို့တွေမှာလည်း တပြိုင်နက်ထဲ မီးပျက်သွားတယ်လို့ သိရပါတယ်။

“ အခုလေးတင် ပျက်သွားတာ။ ဘာလို့ပျက်တာလည်းတော့မသိဘူး”လို့ နေပြည်တော်မှာ နေထိုင်တဲ့ပြည်သူတစ်ဦးကပြောပါတယ်။ 

လက်ရှိ မိနစ် (၂၀)ကျော်တဲ့အထိ မီးလာပြန်လာချင်းမရှိသေးဘဲ ပြည်သူတွေအနေနဲ့ကတော့ လျှပ်စစ်မီးပြတ်တောက်ရတဲ့အကြောင်းရင်းကို မသိရှိရသေးပါဘူး။

“ ညပိုင်းပျက်တာ နှစ်ရက်ရှိပြီ။ မနေ့ကလည်းပျက်တယ် ။ပြီးတော့ပြန်လာတယ်။ ခုလည်းမီးပျက်သွားပြန်ပြီ”လို့ တောင်ငူမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ပဲခူးမှာလည်း အခုညမီးပျက်သွားကြောင်းကို ပဲခူးဒေသခံတစ်ဦးကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသေးတယ်။ 

မီးပျက်ရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှ(YESC) အနေနဲ့ ဓာတ်အားချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိနေရာများ ယာယီဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေကြောင်းနဲ့ ဓာတ်အားပြန်လည်ရရှိအောင် အချိန်နဲ့တပြေးညီဆောင်ရွက်နေကြောင်းကိုတော့ ပြည်သူတွေကို အသိပေးထုတ်ပြန်ထားပါတယ်။

ယခုသတင်းရေးသားတဲ့ ည ၈ နာရီ ၁၅ မိနစ်အချိန်အထိ မီးပြန်လာခြင်းမရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က