စတိဗ်ဘရုစ်ကို နည်းပြသစ်ခန့်လိုက်ပါလားလို့ သွားအကြံပေးနေတာပါ။

စတိဗ်ဘရုစ်ကတော့ ယူနိုက်တက်ကစားသမားဟောင်းဖြစ်ပြီး ဝါရင့်နည်းပြတစ်ဥိးအဖြစ် သတ်မှတ်ခံရပေမယ့်လည်း အသင်းကြီးတွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံမရှိသူဖြစ်ပါတယ်။


ဆိုးလ်ရှားကိုထုတ်ပယ်ပြီး နည်းပြသစ်ရှာနေရတဲ့ ယူနိုက်တက်ကို အာဆင်နယ်နောက်ခံလူဟောင်းဆိုးလ်ကမ်းဘဲက အကြံဉာဏ်ပေးမှုတွေပြုလုပ်လိုက်ပါတယ်။ ဆိုးလ်ရှားနေရာအတွက် နယူးကာဆယ်နဲ့လမ်းခွဲခဲ့တဲ့ နည်းပြစတိဗ်ဘရုစ်ကို ခန့်အပ်သင့်တယ်လို့ ဆိုးလ်ကမ်းဘဲက ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

စတိဗ်ဘရုစ်ကတော့ ယူနိုက်တက်ကစားသမားဟောင်းဖြစ်ပြီး ဝါရင့်နည်းပြတစ်ဥိးအဖြစ် သတ်မှတ်ခံရပေမယ့်လည်း အသင်းကြီးတွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံမရှိသူဖြစ်ပါတယ်။ ဘာမင်ဂမ်၊ ဗီလာ၊ ဆန်းဒါးလန်း၊ ပဲလေ့၊ ရှက်ဖီး၊ ဟတ်စ်ဒါဖီးလ်၊ ဝီဂန်တို့လို အသင်းတွေကိုသာ နည်းပြခဲ့ဖူးသူဖြစ်ပြီး နယူးကာဆယ်ပိုင်ရှင်အပြောင်းအလဲမှာ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ 

ကမ်းဘဲလ်က "တကယ်ကိုဆိုးရွားတဲ့အခြေအနေဖြစ်နေတာပါ၊ သူတို့ဘာလုပ်မှာလဲဆိုတာကို ဆုံးဖြတ်ရပါတော့မယ်၊ တကယ်လို့ သူတို့ ဒီအကျပ်အတည်းကနေ ရုန်းထွက်မယ်ဆိုရင် ငွေအများကြီးသုံးစွဲရပါလိမ့်မယ်၊ ဆိုးလ်ရှားကိုထုတ်ပယ်ပြီး တခြားတယောက်ကိုခေါ်ယူဖို့ဆိုရင် ငွေတွေအများကြီးသုံးရမှာပါ၊ သူတို့ ငွေသုံးနိုင်တယ်ဆိုတာကို ကျွန်တော်သိပေမယ့် သူတို့ဘယ်လိုအနေအထားရောက်နေလဲဆိုတာကို ကြည့်ရပါလိမ့်မယ်"

"စတိဘရုစ်က သင့်တော်နိုင်မလား? ၆ လတာကာလအတွက်ပဲလား? ကျွန်တော်မသိဘူး၊ ဘယ်သူကရော သိနိုင်မလဲ? ဒါပေမယ့်လည်း သူတို့ဘာပဲလုပ်လုပ် အဖြေက မှားသွားနိုင်ပါတယ်၊ တကယ့်ကိုအရေးကြီးတဲ့အချိန်အခါပါပဲ" လို့ ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ စတိဗ်ဘရုစ်ဟာ ယူနိုက်တက်မှာ ၉ နှစ်ကြာကစားခဲ့ဖူးသူဖြစ်ပြီး ၄၁၄ ပွဲမှာ ၅၁ ဂိုးအထိ သွင်းယူပေးခဲ့ကာ အမှတ်ပေးဖလား ၃လုံးအပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့ပါတယ်။


Share

Loading Next Article...
က္က