ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဟိုဆေးလူဟာ ကာဒစ်ဇ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အပိုင်အခွင့်အရေးတစ်ကြိမ်ကို လုံးဝအသုံးမချဘဲ လက်လွှတ်ခံလိုက်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
ဟိုဆေးလူကတော့ လူကျွံအနေအထားမှာ ရှိနေတယ်လို့ ယူဆခဲ့တာကြောင့် အခုလိုမျိုး ဘောလုံးကို မထိဘဲ လွှတ်ပေးခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့် ရိုဒရီဂိုကလည်း ဟိုဆေးလူရှိနေတာကြောင့် အငိုက်မိသွားခဲ့ပြီး ဒီဘောလုံးကတော့ ဂိုးမဖြစ်ခဲ့ဘဲ ရီးရဲလ်မက်ဒရစ်အတွက် နစ်နာသွားခဲ့ပါတယ်။
အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟိုဆေးလူဟာ ပြီးခဲ့တဲ့နွေရာသီကမှ အက်စ်ပန်ညိုကနေ ရီးရဲလ်မက်ဒရစ်ကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားပါ။ ဒီရာသီမှာ ဟိုဆေးလူက ရီးရဲလ်မက်ဒရစ်အတွက် (၁၄) ပွဲကစားပြီး သွင်းဂိုး (၅) ဂိုး သွင်းယူပေးထားနိုင်ပါတယ်။