ရှမ်းပြည်နယ် ၊တာချီလိတ်မြို့မှာ မိုးကြီးပြီး ချောင်းရေလျှံခဲ့တာကြောင့် ရပ်ကွက်တချို့မှာ ရေ ၅ ပေအထိ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့တညလုံး မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မယ်ဆိုင်တောင်ကျချောင်းရေမြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်ရပ်ကွက်၊တာလော့ ရပ်ကွက်၊မကာဟိုခမ်းရပ်ကွက်၊ဆန်ဆိုင်း (ခ)ရပ်ကွက် ၊ မယ်ခေါင်ရပ်ကွက် တွေမှာ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ
ရေကြီးမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ ၅ ပေ လောက်အထိ မြင့်တက်ခဲ့ပြီး ၊ အမြင့်ပိုင်းရပ်ကွက်တွေမှာ အမြင့်ပေ ၃ ပေလောက်ထိ ရှိခဲ့တာကြောင့် အိမ်စီးကားတွေနစ်မြုပ်လုနီးပါးအထိရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ - CJ
လက်ရှိမှာတော့ အမြင့်ပိုင်းရပ်ကွက်မှာရေပြန်လည်ကျနေပြီး ၊အနိမ့်ပိုင်းရပ်ကွက် တွေမှာတော့ ရေကျန်သေးတယ်လို့ သိရပါတယ်။
တာချီလိတ်မှာ ရေကြီးရေလျှံမှုက နှစ်စဉ်ဖြစ်ပေါ်နေကျဖြစ်သော်လည်း ဒီကနေ့ရေကြီးမှုကတော့ ချက်ခြင်းဖြစ်ပေါ်ခဲ့တာဖြစ်လို့ ပြင်ဆင်ချိန်မရဘဲ ရပ်ကွက်နေပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်လို့သိရပါတယ်။