ထိုင်ရာကနေ ရုတ်တရက်ထသွားတဲ့အခါ သွေးပေါင်ကျခြင်းကြောင့် မူးဝေတာမျိုးဖြစ်နိုင်ပါတယ်။

ထိုင်ရာကနေ ရုတ်တရက်ထလိုက်တဲ့အခါမှာ မူးခနဲ မိုက်ခနဲ အဖြစ်မျိုး လူတိုင်း ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်ရတာလဲ၊ ဒီလိုဖြစ်တဲ့အခါ ဘယ်လိုကုသလို့ရနိုင်ပါသလဲ ဆိုတာအဖြေရှာကြည့်ရအောင်ပါ။



ဘာကြောင့်ဖြစ်ရတာလဲ

ထိုင်ရာကနေ ရုတ်တရက်ထသွားတဲ့အခါ သွေးပေါင်ကျခြင်းကြောင့် မူးဝေတာမျိုးဖြစ်နိုင်ပြီး အာရုံကြောစနစ်အားမကောင်းတာကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ - ဆီးချိုရောဂါကြောင့်၊ အသက်အရွယ်ကြီးမြင့်မှုကြောင့် အာရုံကြောစနစ် ချို့ယွင်းသွားသူတွေအနေနဲ့ ထိုင်ရာကနေ ရုတ်တရက် ထလိုက်တဲ့အခါ မူးဝေတာမျိုးဖြစ်နိုင်ပါတယ်။  

Photo : Freepik

ဘယ်လိုလူမျိုးတွေ အဖြစ်များနိုင်လဲ။

  • နှလုံးအားမကောင်းတဲ့သူတွေ၊
  • ခန္ဓာကိုယ်မှာ ချွေးထွက်များသူတွေ၊
  •  ဆီးသွားများတဲ့သူတွေ၊
  • ·အမျိုးသားတွေမှာအဖြစ်များတဲ့ ဆီးကျိတ်ရောဂါကြောင့် သောက်ရတဲ့ဆေးတွေကြောင့် ဒီလိုမျိုး ရုတ်တရက်မူးဝေခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။
  • တချို့ကတော့ သွေးပေါင်ကျတာကြောင့်မဟုတ်ဘဲ ကျီးပေါင်းရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။
  • သာမန်လူငယ် ကျန်းမာရေးလဲကောင်းတယ်၊ ရောဂါအခံလည်း မရှိတဲ့သူတွေမှာကျတော့ ဆောင့်ကြောင့်ထိုင်တာ နည်းပါးခြင်း၊ အထိုင်များခြင်းကတစ်ဆင့် သွေးလည်ပတ်မှုမရှိရာကနေ မူးကနဲ မိုက်ကနဲဖြစ်တာမျိုး ကြုံရတတ်ပါတယ်။

Photo : Freepik

ရုတ်တရက်မူးဝေပြီး လဲကျသွားတဲ့အခါ ဒီလိုနည်းနဲ့ အမြန်ဆုံးပြုစုကုသပါ။

  • အရင်ဆုံး ခေါင်းကို မထိခိုက်မိအောင်လုပ်ပါ။ ( ဒီလိုဖြစ်ခြင်းက ဦးနှောက်ကိုသွေးမရောက်တာကြောင့် လူကိုလဲကျစေတာကြောင့်ဖြစ်ပါတယ်)
  • လဲကျသွားတဲ့အခါ ဦးခေါင်းကို သွေးမြန်မြန်ရောက်အောင် ခန္ဓာကိုယ်ကို လဲချထားပေးပါ။ ခြေထောက်ကိုမြှောက်ပါ။
  •  ဒါမျိုးဖြစ်တဲ့အခါ တစ်ချို့က တက်တာ၊ သတိလစ်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တတ်ပါက ခန္ဓာကိုယ်ကို ဘေးတစောင်းထားပါ။
  •  ပါးစပ်ထဲကို လက်ထိုးထားတာမျိုးမလုပ်ပါနဲ့။ လျှာမကိုက်မိအောင် ဇွန်းခံထားတာမျိုးလုပ်ပေးပါ။
  • သတိပြန်လည်ပါက ရေ (သို့မဟုတ်) ဓာတ်ဆားလေးတိုက်ပေးပါ။

ဒီလိုနည်းလမ်းနဲ့ မူးဝေတာသက်သာအောင် လုပ်နိုင်ပါတယ်။


ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော် ဒေါက်တာအောင်ဇော်မြင့်မှ ဆွေးနွေးအကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က