တာဝန်ထမ်းဆောင်ရင်းပေးဆပ်ခဲ့ရတာပါ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီး ကျွန်တော်တို့ကို အသိအမှတ်ပြုထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းကတော့ အသုံးပြုခွင့်ရှိပါတယ်။ ကိုယ့်ကိုသေစေနိုင်အောင်လုပ်ရင် ပြန်လည်ခုခံပစ်ခတ်ပိုင်ခွင့်ရှိပေမယ့် ကျွန်တော်တို့တပ်ဖွဲ့ဝင်ကတော့ တရားခံတွေရဲ့တိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရတာပါလို့ ရန်ကုန်ဘူတာကြီးမှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဖိုးဆယ်က ပြောပါတယ်။ 

ပီးခဲ့တဲ့ စက်တင်ဘာလ(၂၃)ရက်နေ့က ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖုန်းလုယက်သွားသူများအား လိုက်လံဖမ်းဆီးရင်း တရားခံတွေက ပြန်လည်ခုခံခဲ့ရာ ဓားထိုးခံရပြီး သေဆုံးခဲ့တဲ့ ရထားရဲတပ်ဖွဲ့ ဒုတပ်ကြပ်ဦးမျိုးမြင့်လွင်ရဲ့နာရေးဈာပနာကို ဒီကနေ့ စက်တင်ဘာလ(၂၇)ရက်နေ့က ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ဒုတပ်ကြပ်ဦးမျိုးမြင့်လွင်ဟာ ရထားရဲတပ်ဖွဲ့ တပ်ခွဲ(၁၃)က တပ်ဖွဲ့ဝင်တစ်ဦးပါ။နာရေးဈာပနာကိုလည်း မိသားစုဝင်တွေနဲ့အတူ ရဲတပ်ဖွဲ့မှာ တာဝန်ရှိသူအသီးသီးကလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြပါသလို မိတ်ဆွေအပေါင်းအသင်းများကလည်း လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်မှာ တာဝန်ကျ ရဲတပ်ဖွဲ့တွေအနေနနဲ့ တရားခံကို လက်နက်နဲ့ ပြန်လည်ခုခံကိုပိုင်ခွင့်ရှိပေမယ့် မခုခံဘဲ တရားရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ရန်ကုန်ဘူတာကြီးမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



“ကျွန်တော်တို့ဘက်ကလည်း ပြန်လည်ခုခံပိုင်ခွင့်ရှိပါတယ်။ ပြန်လည်ခုခံပိုင်ခွင့်ရှိတဲ့အခါမှာ အဖွဲ့လိုက် လှုပ်ရှားနေသော်လည်းပဲ နှစ်ဦးချင်း၊ သုံးဦးချင်း နေရာခွဲပြီး တရားခံတွေကိုဖမ်းဆီးတဲ့အခါမှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်က အခုလိုပြန်လည်ခုခံတိုက်ခိုက်ခံရပြီး ကွယ်လွန်ခဲ့ရတာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီး ကျွန်တော်တို့ကို အသိအမှတ်ပြုထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းကတော့ အသုံးပြုခွင့်ရှိပါတယ်။ ဒါကလည်း သတ်မှတ်ချက်တစ်ခုပေါ့။ ကိုယ့်ကိုသေစေနိုင်အောင်လုပ်ရင် ပြန်လည်ခုခံပစ်ခတ်ပိုင်ခွင့်ရှိတယ်” လို့ ရန်ကုန်ဘူတာကြီးမှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဖိုးဆယ်က Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ဖုန်းလုယက်ထွက်ပြေးတဲ့ တရားခံသုံးဦးကိုလည်း ဖမ်းဆီးထားမိပြီ ဖြစ်ပြီး ဒဂုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၉၂/ ၃၀၂)နဲ့ အမှုဖွင့်အရေးယူထားတာလည်းဖြစ်ပါတယ်။ ဒီအမှုကိုလည်း ဒဂုံမြို့မရဲစခန်းကပဲ အမှုစစ်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံအတွက်တာဝန်ထမ်းဆောင်းရင်း အသက်ပေးဆပ်ခဲ့တဲ့ ဒုတပ်ကြပ်ဦးမျိုးမြင့်လွင်မှာတော့ ဇနီးဖြစ်သူနဲ့အတူ တက္ကသိုလ်အသီးသီးတက်ရောက်နေတဲ့ သား(၃)ယောက်ကျန်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က