တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရမှုရုံးချိန်း ၁၀၀ ပြည့်ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ဆေးခဲ့ပါတယ်။
သေနတ်သမားကြည်လင်းကို မြောက်ပိုင်းခရိုင်တရားရုံးတွင် ယခင်ရုံးထုတ်စဉ်မြင်ကွင်း
ရုံးထုတ်စစ်ဆေးခဲ့ရာမှာ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူ သေနတ်သမားကြည်လင်းအပါအဝင် သုံးဦးကို ရုံးထုတ်လတာဖြစ်ပြီးတော့ ဇေယျာဖြိုးရဲ့ သက်သေ ၃ ဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“တစ်ရာမြောက်ရုံးချိန်းမှာ သက်သေစစ်ဆေးခြင်းက ဒီလအတွင်းမှာပြီးတော့မယ်လို့ ယုံယုံကြည်ကြည်နဲ့ မြင်ရတဲ့အနေအထားကို ဆောင်ရွက်သွားပါမယ်။ စစ်ဖို့ အကြောင်းမရှိတဲ့ သက်သေတွေကို ဘာလို့တင်တာလဲဆိုပြီး ကြည့်မယ်ဆိုရင်တော့ ဒါကမြင်သာပါတယ်။ ဒီသက်သေတွေမစစ်ဘူးဆိုတာက အမှု ဆွဲနေတာသော်လည်းကောင်း ဒါမှမဟုတ်တင်တဲ့ဘက်ကို ဆန့်ကျင်ပြီးထွက်မယ့် သက်သေတွေဖြစ်လို့လည်းကောင်းမြင်နေတွေ့နေရပါတယ်။တရားလိုဘက်က အမှုဆွဲတာမဟုတ်ပါဘူး။တရားခံဘက်က အမှုဆွဲတယ်ဆိုတာ မြင်သာတဲ့အနေအထားဖြစ်ပါတယ် :” လို့ တရားလိုရှေ့နေတွေက ရုံးချိန်းအပြီးမှာ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ၂၀၁၇ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့မှာ သေနတ်သမားကြည်လင်းရဲ့ ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ကြည်လင်းကို ပုဒ်မ ၃၀၂(၁)(ခ)/၃၄ လက်ကန်ဥပဒေပုဒ်မ ၁၉(ဃ) ၊၁၉ (စ) ၊လေဆိပ်အငှားယာဉ်မောင်းဦးနေဝင်းကို သတ်မှု ပုဒ်မ ၃၀၂(၂) တို့နဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။
အောင်
ဝင်းဇော်ကိုတော့ လူသတ်မှုပူးပေါင်းမှု ပုဒျမ ၃၀၂(၁)(ခ)/၃၄
နဲ့ စွဲချက်တင်ထားတာဖြစ်ပြီး ဇေယျာဖြိုးကိုလည်း လူသတ်ရန်အားပေးကူညီမှုပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ၊အောင်ဝင်းထွန်းကို ပြစ်မှုကျူးလွန်သူကို ကူညီမှုပုဒ်မ ၂၁၂ နဲ့စွဲချက်တင်ထားပြီး အောင်ဝင်းထွန်းကို တော့ အာမခံပေးထားတယ်လို့ သိရပါတယ်။