နယ်စပ်ဂိတ်တွေကတစ်ဆင့်ဝင်ရောက်လာတဲ့ကားတွေပါ။

မော်တော်ယာဉ်တွေကို ပြင်ဦးလွင်မြို့အဝင်အထွက်ဂိတ်၊ ပြင်ဦးလွင်မြို့ရှောင်လမ်း နဲ့ ပြင်ဦးလွင်-လားရှိုးလမ်းမကြီးပေါ်တို့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးမှုတွေဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မီးပုံးပျံပွဲလည်းနီးလာပြီဆိုတော့ နယ်မြေလုံခြုံရေးအရကြိုတင်ကာကွယ်တဲ့အနေနဲ့ စနစ်တကျစီမံဆောင်ရွက်နေတုန်းမှာပဲ ဒီဝင်လာတဲ့ ကားတွေကိုတားဆီးစစ်ဆေးလိုက်တော့ Without တွေဖြစ်နေတာလို့ ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းကပြောပါတယ်။ 

နယ်စပ်ဂိတ်တွေကတစ်ဆင့် တရားမဝင်ဝင်ရောက်လာတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေ ဒီကနေ့ စက်တင်ဘာလ(၂၃)ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်မြို့မှာဖမ်းဆီးရမိခဲ့တယ်လို့ သိရပါ တယ်။

အဆိုပါမော်တော်ယာဉ်တွေကို ပြင်ဦးလွင်မြို့အဝင်အထွက်ဂိတ်၊ ပြင်ဦးလွင်မြို့ရှောင်လမ်း နဲ့ ပြင်ဦးလွင်-လားရှိုးလမ်းမကြီးပေါ်တို့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးမှုတွေဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းဆီ Duwun ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့တာလို့ပြန်လည်ဖြေကြားပေးပါတယ်။

"မီးပုံးပျံပွဲလည်းနီးလာပြီဆိုတော့ နယ်မြေလုံခြုံရေးအရကြိုတင်ကာကွယ်တဲ့အနေနဲ့ စနစ်တကျစီမံဆောင်ရွက်နေတုန်းမှာပဲ ဒီဝင်လာတဲ့ ကားတွေကိုတားဆီးစစ် ဆေးလိုက်တော့ Without တွေဖြစ်နေတာပါ။ ပွဲတော်လုံခြုံရေးအရ ပိတ်ဆို့ရှာဖွေစစ်ဆေးတဲ့အခါမှာ ဒီ Without တွေဖမ်းမိတာ ပါ" လို့ ဦးအောင်မင်းကပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့မော်တော်ယာဉ်တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေအပြင် သက်တမ်းလွန်မော်တော်ယာဉ်တွေလည်းပါဝင်ပြီး ဒါနဲ့ပတ်သက်လို့တော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကပဲတရားလိုပြုလုပ်တိုင်တန်းအမှုဖွင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။

စုစုပေါင်းမော်တော်ယာဉ် ၁၈ စီးဖမ်းဆီးရမိခဲ့တာလို့လည်း လွှတ်တော်ကိုယ်စားလှယ်ကအတည်ပြုထားပြီး ဒီမော်တော်ယာဉ်တွေဟာ ရှမ်းပြည်မြောက် ပိုင်း နယ်စပ်ဝင်ပေါက်တွေကနေတစ်ဆင့်ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က