နောက်တကျော့မှာ အကောင်းဆုံးကစားနိုင်အောင် ပြင်ဆင်ထားဖို့ ပြောခဲ့တာပါ။

အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီတို့ ဒုတိယအကျော့မှာ ရုန်းကန်ရတေ့မှာဖြစ်ပါတယ်။ မြူးနစ်မှာ ကစားရမယ့်ပွဲမှာ အနည်းဆုံး ၂ ဂိုးပြတ်အနိုင်ရဖို့ လိုအပ်နေပြိဖြစ်ပြီး ဒါဟာ သူတို့အတွက် မလွယ်ကူတဲ့ အနေအထားတခုဖြစ်ပါတယ်။ ဒါပေမယ့် ဘတ်ပီကတော့ ဘယ်လိုမျိုးတွေ လုပ်ရင် ဘိုင်ယန်ကို အနိုင်ယူနိုင်မလဲဆိုတာကို ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။ 

မနေ့ညကပွဲမှာ ဘတ်ပီက အသင်းအတွက် လူစားဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂ ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂ ဂိုးစလုံးကို VAR က ပြန်လည်ပယ်ဖျက်ပေးခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဘတ်ပီဝင်လာပြီးနောက်မှာ ပီအက်စ်ဂျီက တိုက်စစ်ပိုင်း ပိုမိုကောင်းမွန်လာခဲ့ပြီး ဖိအားတွေလည်း ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးတွေရဖို့အတွက်တော့ အလှမ်းဝေးခဲ့ရပြီး အရေးနိမ့်ခဲ့တာပါ။ 

ပွဲအပြီးမှာ ဘတ်ပီက "ကျနော်တို့အားလုံး ကျန်းမာနေဖို့၊ ကောင်းကောင်းအိပ်စက်ဖို့၊ ကောင်းကောင်းစားဖို့ လိုအပ်ပါတယ်၊ ဒါဆိုရင် ကျနော်တို့ မြူးနစ်မှာ တခုခုလုပ်နိုင်မှာပါ၊ တိုက်စစ်ကို ပိုကစားနိုင်ခဲ့မယ်ဆိုရင် သူတို့တွေ သက်တောင့်သက်သာရှိမှာ မဟုတ်ပါဘူး၊ မြန်မြန်ဆန်ဆန်လေး ကျနော်တို့ ထပ်သွားကြရအောင်"

"ဒီပွဲကို ကျနော်မကစားသင့်ပေမယ့်လည်း အသင်းဖော်တွေကို ကူညီပေးချင်လို့ ဝင်ကစားပေးခဲ့တာပါ၊ အားလုံးလည်း ကြိုးစားခဲ့ကြပါတယ်၊ ကျနော်လည်း ဒီထက်ပိုပြီးတော့ မလုပ်နိုင်ခဲ့တော့ပါဘူး၊ အရေးအကြီးဆုံးကတော့ ကျနော်တို့ ကောင်းကောင်းနား၊ ကောင်းကောင်းစားပြီး အိပ်ရေးဝအောင် အိပ်စက်ဖို့ပါပဲ" လို့ Canal+ ကို ပြောဆိုခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတော့ ၂၀၂၃ အတွင်းမှာ ပြိုင်ပွဲစုံ ၁၁ ပွဲအထိ ကစားခဲ့ရာမှာ ၅ ပွဲအထိ အရေးနိမ့်ထားခဲ့ပြိဖြစ်ပါတယ်။ ၂၀၂၂ အတွင်းမှာ ၄၆ ပွဲကစားပြီး ၄ ပွဲသာ ရှုံးခဲ့တဲ့ ရလဒ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သိသိသာသာကို ကွာခြားနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က