ကွန်တီကိုမရလိုက်တဲ့အပေါ် အီဗရာက နှမြောနေတာပါ။

ယူနိုက်တက်ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အီဗရာက ကွန်တီကို ယူနိုက်တက်တို့နည်းပြအဖြစ် မခန့်အပ်ခဲ့တဲ့အပေါ် လက်ရှိအချိန်ထိ နာကျင်နေရဆဲဖြစ်ကြောင်း၊ ဒါပေမယ့် အခုနည်းပြသစ် အဲရစ်တန်ဟက်ခ်ကိုလည်း အားပေးသွားဦးမှာဖြစ်ကြောင်း ဥပမာသာဓကနဲ့တကွ ပြောကြားခဲ့ပါတယ်။



ကွန်တီဟာ ယူနိုက်တက်နဲ့သတင်းထွက်ခဲ့ဖူးပေမယ့် စပါးကိုသာရောက်ရှိသွားခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ စပါးကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ယူရိုပါလိဂ်သာဝင်ခွင့်ရခဲ့ပြီး ရာသီသစ်အတွက် ပြင်ဆင်မှုတွေကလည်း အားရစရာမရှိသေးပါဘူး။

ဒီလိုအချိန်မျိုးမှာ အီဗရာက “ကွန်တီကို ယူနိုက်တက်တို့ နည်းပြအဖြစ် မခန့်တာက ကျနော့်ကို နာကျင်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွန်တီ၊ ကလော့ပ်၊ ဂွါဒီယိုလာတို့က လက်ရှိကမ္ဘာ့အကောင်းဆုံးနည်းပြတွေပါ။ ကျနော်တို့ ကွန်တီကို ယူနိုက်တက်မှာ ခေါ်ထားလိုက်သင့်ပါတယ်။ ဒါပေမယ့် အသင်းမှာရှိတဲ့ပုဂ္ဂိုလ်အချို့က ကွန်တီက အသင်းရဲ့စတိုင်မဟုတ်ဘူး၊ လိုချင်တဲ့ပုံစံမဟုတ်ဘူးလုပ်ပါလေရော”

“ဒါဆို အခု အဲရစ်တန်ဟက်ခ်ကရော၊ အဲရစ်တန်ဟက်ခ်ကို စောင့်ကြည့်ကြတာပေါ့။ သူ ဘာတွေလုပ်မလဲ ကြည့်မယ်၊ ကျနော်လည်း သူ့ကိုအားပေးမှာပါ။ ဒါပေမယ့် အဲ့ဒီနောက်မှာ ထမင်းဟင်းချက်တဲ့ စားဖိုမှူးကို ယူနိုက်တက်နည်းပြအနေနဲ့ ခန့်လိုက်ရင်လည်း ကျနော် အဲ့ဒီစားဖိုမှူးကို အားပေးနေဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ထုတ်ပယ်မယ့်အချိန်မှာ ကွန်တီနဲ့သတင်းထွက်ခဲ့ပြီး ကွန်တီကိုယ်တိုင်က ယူနိုက်တက်ကို ကိုင်တွယ်လိုခဲ့ပါတယ်။ ကွန်တီဟာ ပုံမှန်အားဖြင့် ရာသီစပြီးမှ အသင်းတသင်းကို ကိုင်တွယ်လေ့မရှိပါဘူး။ ဒါပေမယ့် ယူနိုက်တက်ကိုတော့ ချွင်းချက်အဖြစ်ထားဖို့ ပြင်ဆင်ခဲ့ပေမယ့် ယူနိုက်တက်က ကွန်တီကိုမျက်ကွယ်ပြုခဲ့ပြီး ကွန်တီကလည်း စပါးကိုသာ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က