အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၊တာမွေမြို့နယ်၊ အရိုးကုန်လမ်းနှင့် ဦးထွန်းလမ်းဒေါင့်မှာ လူနေအိမ်အဆောက်အဦတစ်ခု ပြိုကျမှုဖြစ်ပွါးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအဆောက်အဦးပြိုကျမှုက ဒီကနေ့ မနက် ၂နာရီဝန်းကျင်မှာ ဖြစ်ပွါးခဲ့ပြီး တိုက်ရဲ့ အနောက်ခြမ်းပိုင်းပြိုကျခဲ့တာဖြစ်ပါတယ်။

“ အခုပြိုကျတဲ့တိုက်က သက်တမ်းကတော်တော်ကြာပြီ ။ ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်တုန်းကလည်းအဆောက်အဦကိုထိခိုက်ထားတော့ ရှိတော့ အဲဒီကတည်းက လူတွေကိုမနေဖို့ပြောပြီး အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ထားတာပါ။ အဲဒါကို သူတို့ကလည်းမဖယ်ပေးပဲ ဒီမှာပဲဆက်နေ နေကြတယ်။ အခုပြိုကျတဲ့ဘက်ခြမ်းမှာက အိမ်ထောင်စုလေးစု နေထိုင်တာပါ”လို့ တာမွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က Duwun ကိုပြောပါတယ်။

တိုက်ခန်းပြိုကျမှုကြောင့် ဒဏ်ရာရတဲ့အမျိုးသားမှာလည်း မစိုးရိမ်ရဘဲ ပွန်းပဲ့ဒဏ်ရာလောက်သာရရှိခဲ့တယ်လို့သိရပါတယ်။ 

အဆိုပါတိုက်က (၁၉၈၈)ခုနှစ်လောက်ကတည်းက ဆောက်လုပ်ထားတဲ့ အဆောက်အဦဖြစ်ပြီး ပြန်လည်တည်ဆောက်ဖို့ကိုတော့ အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေကပဲ လုပ်ဆောင်ပါလိမ့်မယ်လို့ ဦးသိန်းမြင့်ကပြောပါတယ်။







Share

Loading Next Article...
က္က