ဂျာမနီတောင်ပံကစားသမားအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုအချို့ကိုလက်ခံခဲ့ပြီးနောက် ပုဂ္ဂိုလ်ေ ရးသဘောတူညီမှုအချို့လည်း ရရှိထားခဲ့ပြီဖြစ်တယ်လို့ သတင်းထွက် ပေါ်မှုတွေရှိနေပါတယ်။
ဘွန်ဒက်စ်လီဂါထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆာနေးလ်တို့ တရားမဝင်သီးသန့်ေ တွ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိလာခဲ့ခြင်းအပေါ် မန်စီးတီးအသင်းအနေနဲ့ တစ်စုံတစ်ရာအတ ည်ပြုခြင်းမရှိိပေမယ့် သတိပေးမှုအချို့ပြုလုပ်ဖို့ရှိနေတယ်လို့ SportBlid ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဂျာမနီလက်ရွေးစင်ကစားသမားဖြစ်သူဖြစ်သူ ဆာနေးလ်ဟာ အနာဂတ်ကာလအတွင်း ဂျာမနီလက်ရွေးစင်အ သင်းတွင် ပုံမှန်ပါဝင်ခွင့်ရရှိရေးအတွက် မွေးရပ်မြေဂျာမနီအသင်းတွေဆီပြန်လည်ပြောင်းရွှေ့ကစားဖို့ စီစဉ်နေခဲ့ သူလည်းဖြစ်ပါတယ်။
သတင်းဖော်ပြမှုတွေအရ မန်စီးတီးအသင်းအနေနဲဆာနေးလ်ကို အသင်းမှာဆက်ရှိနေဖို့စာချုပ်သစ်တစ်ရပ်ကမ်း လှမ်းဖို့ပြင်ဆင်ထားပေမယ့် ကစားသမားဖြစ်သူကိုယ်တိုင်က ပရီးမီးယားလိဂ်ကို စွန့်ခွာဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပြီး အခုလိုတရားမဝင်တွေ့ဆုံခဲ့ခြင်းကြောင့်လည်း သတိပေးမှုအချို့ပြုလုပ်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဆာနေးလ်ကို ၅နှစ်သက်တမ်းရှိစာချုပ်ဖြင့် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စပိန်လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်အသင်းတို့ကလည်းခေါ် ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းစာရင်းမှာ ပါဝင်လာတယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာပါ။
SportWitness ရဲ့ဖော်ပြချက်မှာတော့ ဆာနေးလ်၊ အေးဂျင့်ဖြစ်သူတို့နဲ့ ဘိုင်ယန်မြူးနစ်ဝန်ထမ်းအချို့သီးသန့် တွေ့ဆုံခဲ့တာဖြစ်ပြီး လာမယ့်ဧပြီလအတွင်းရောက်မှ အသင်းအားကစားဒါရိုက်တာဟက်ဆန်ဆာလီဟာမီဇစ်ကို ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ သဘောတူညီမှုရယူခဲ့ကြတာဖြစ်တယ်လို့လည်း အခိုင်အမာသတင်းဖော်ပြမှုတွေပြု လုပ်ထားခဲ့ပါတယ်။