ရော်နယ်ဒိုကတော့ ရှင်းရှင်းဘွင်းဘွင်းကို ပြောဆိုသွားခဲ့တာပါ။

ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ပီရက်စ်မော်ဂန်တို့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ရော်နယ်ဒိုက သူ အင်တာဗျူးလုပ်ပြီး အမှန်တရားကို အားလုံးသိအောင် ပြောသွားမယ်လို့ ပြောဆိုဖူးပါတယ်။ အခုတော့ ဒီ အင်တာဗျူးထွက်ပေါ်လာပြီး ရော်နယ်ဒိုက အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုထားတာကို မြင်တွေ့ခဲ့ရပါတယ်။

သူ့ရဲ့ ပြောဆိုမှုတွေဟာ အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ထားပြီးမှ အားလုံးကိုဖွင့်ချထားတယ်လို့ ယူဆလို့ရလောက်တဲ့ ပြောဆိုမှုတွေပါ။ သေချာတာကတော့ ရော်နယ်ဒိုက အသင်းတွင်းမှာ အဆင်မပြေတာတွေ အများကြီးကို ရင်ဆိုင်ခဲ့ရပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလာမှာပဲ ယူနိက်တက်ကနေ ထွက်ခွာသွားဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

အသင်းမှာ သူရင်ဆိုင်နေတဲ့အနေအထား၊ တန်ဟက်ဂျ်နဲ့ ဆက်ဆံရေး

______________________

"သစ္စာဖောက်ခံရတယ်လို့ ခံစားရတယ်၊ လူတချို့က ကျနော့်ကို ဒီမှာမရှိစေချင်ဘူးလို့ ခံစားရပြီး အဲဒါက ဒီရာသီမှမဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ်ကတည်းကပါ၊ တန်ဟက်အပေါ် ကျနော်လေးစားမှုမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျနော့်အပေါ် သူ လေးစားမှုတွေ မပြသခဲ့လို့ပါ၊ တကယ်လို့ ကျနော့်အပ​ေါ် လေးစားမှုမရှိဘူးဆိုရင် ကျနော့်ဘက်ကလည်း ဘယ်တော့မှ လေးစားမှုပြန်ပေးနေမှာမဟုတ်ပါဘူး"

ရွန်နီက သူ့အပေါ်ဝေဖန်တာကို ဘယ်လိုတုံ့ပြန်ထားလဲ

_____________________

"ကျနော့်အပေါ် ရွန်နီက ဘာလို့ ဆိုးဆိုးရွားရွားဝေဖန်ခဲ့တာလဲဆိုတာ ကျနော်မသိဘူး၊ ဖြစ်နိုင်တာကတော့ သူ့ရဲ့ကစားသမားဘ၀က ပြီးဆုံးသွားခဲ့ပါပြီ၊ ကျနော်ကတော့ မြင့်မားတဲ့အဆင့်မှာ ကစားနေဆဲဖြစ်တာမို့နေမှာပေါ့၊ ကျနော်က သူ့ထက်ပိုကြည်ကောင်းတယ်လို့လည်း မပြောပါဘူး၊ ဒါပေမယ့် အဲဒါကတော့ အမှန်တရားပါ"

ယူနိုက်တက်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အလုပ်ဖြစ်မဖြစ်

_________________________

အသင်းရဲ့လုပ်ငန်းစဉ်တွေက ဇီးရိုးပါ၊ ဆာအဲလက်စ်ထွက်ခွာချိန်ကစပြီး အသင်းမှာ ဘာပြုပြင်ပြောင်းလဲမှုကိုမှ ကျနော်မတွေ့ဘူး၊ ဘာမှကိုမပြောင်းလဲတာပါ၊ ပရိသတ်တွေအနေနဲ့ အမှန်ကိုသိသင့်တယ်လို့ ကျနော်ထင်တယ်၊ အသင်းအတွက် ကျနော်က အကောင်းဆုံးပဲဖြစ်စေချင်တာ၊ ဒါက ကျနော် ယူနိုက်တက်ကို ဘာလို့ပြန်လာရသလဲဆိုတာပါပဲ၊ ဒါပေမယ့် အတွင်းပိုင်းမှာဖြစ်နေတာတွေက ကျနော်တို့ကို မန်စီးတီး၊ လီဗာပူးလ်နဲ့ နောက်ဆုံး အခု အာဆင်နယ်တို့အဆင့်မျိုးရောက်အောင်တောင် မကူညီနိုင်ခဲ့ဘူး၊ ဒီအသင်းရဲ့အနေအထားနဲ့ ထိပ်ဆုံးမှာရှိသင့်တယ်၊ ဒါက ကံမကောင်းတာလည်းမဟုတ်ဘူး"


"ယူနိုက်တက်ကို ကျနော်ချစ်တယ်၊ ပရိသတ်တွေကိုလည်း ချစ်တယ်၊ သူတို့က အမြဲတမ်း ကျနော့်ဘက်မှာ ရှိခဲ့ကြပါတယ်၊ ဒါပေမယ့် သူတို့က ကွဲပြားခြားနားတွေကို လိုချင်တယ်ဆိုရင် ပြောင်းလဲရမှာတွေက အများကြီး၊ အများကြီးပါပဲ"

Share

Loading Next Article...
က္က