ဆိုးလ်ရှားထက် လိဂ်ရှုံးပွဲများတာကို သူက ထောက်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကစားသမားဟောင်း ဒွိုက်ယော့ခ်က လက်ရှိနည်းပြအဲရစ်တန်ဟက်ခ်ဟာ ဆိုးလ်ရှားထက်တောင်မှ ရှုံးပွဲများနေပြီး ဒီအတွက် မေးခွန်းထုတ်မှုတွေပါ လုပ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကထက်စာရင် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရပ်တည်မှုအဆင့်မြင့်လာခဲ့ပေမယ့်လည်း ဘရိုက်တန်နဲ့ ဝက်စ်ဟမ်းကို ဆက်တိုက်အရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီဖြစ်ပါတယ်။ 

ကာရာဘောင်ဖလားကို တန်ဟက်ဂျ်က ဆွတ်ခူးပေးထားပြီး အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဒီရာသီ အမှတ်ပေးပြိုင်ပွဲမှာ ၉ ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ မန်ချက်စတာယူနိုက်တက်ကို ဆိုးလ်ရှားက ရာသီပြည့်ကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီမှာ ရှုံးပွဲ ၈ ပွဲနဲ့ ၆ ပွဲသာရှိခဲ့ပြီး အဆိုပါပမာဏထက် များပြားနေတယ်လို့ ဒွိုက်ယော့ခ်က ထောက်ပြလိုက်တာပါ။ 

"တန်ဟက်ဂျ်က ပရီးမီးယားလိဂ်မှာ ၉ ပွဲတောင်မှ ရှုံးနိမ့်ထားပါတယ်၊ ခင်ဗျားက ယူနိုက်တက်နည်းပြဆိုရင် အသေးစိတ်အချက်အလက်တွေ၊ အမှားတွေအတွက် အမြဲဆန်းစစ်ခံနေရမှာပါပဲ၊ ပုန်းစရာနေရာမရှိပါဘူး၊ ဆိုးလ်ရှားက သူကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီ ၂ ရာသီမှာ တန်ဟက်ဂျ်ထက်တောင် မှတ်တမ်းပိုကောင်းခဲ့ပါတယ်၊ လူတွေက တိုးတက်မှုတွေနဲ့ ဘောလုံးကစားပုံ ပိုကောင်းတဲ့အကြောင်း ပြောနေကြတယ်"

"ယူနိုက်တက်က ကာရာဘောင်ဖလားရတယ်၊ အက်ဖ်အေဖိုင်နယ်တက်ထားပြီး ယူရိုပါလိဂ်မှာ ကွာတားထိရောက်ခဲ့ပါတယ်၊ ဒါပေမယ့် သူက ပရီးမီးယားလိဂ်မှာ ဆိုးလ်ရှားထက်တောင် ရှုံးပွဲများပြီး ထုတ်ပယ်သင့်ပါတယ်၊ ဒီရလဒ်က မလုံလောက်ပါဘူး၊ အဆင့် ၄ နေရာကို ရဖို့အတွက် အသည်းအသန်ကြိုးစားနေရပြီးတော့ ဒါက အသင်းလိုချင်တဲ့ နေရာမဟုတ်ဘူးလို့ ကျနော်ထင်တယ်"

"အသင်းကစားပုံကောင်းနေချိန်မှာ သူ ချီးကျူးခံရမှာပါပဲ၊ အမှားလုပ်မိရင်လည်း ဝေဖန်ခံရမှာပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ သူ ရာသီပြည့်ကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီမှာ ယူနိက်တက်ကို အဆင့် ၃ နဲ့ ၄ နေရာရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ဆုဖလားတော့မရယူနိုင်ခဲ့ဘဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူ့လက်ထက်မှာ လီဗာပူးလ်ကို ၅-၀၊ ဝက်ဖို့ဒ်ကို ၄-၁ တို့နဲ့ အရေးနိမ့်ခဲ့ပြီး တန်ဟက်ဂျ်ကတော့ လီဗာပူးလ်ကို ၇-၀၊ မန်စီးတီးကို ၆-၃ တို့နဲ့ အရေးနိမ့်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က