အသင်းဖော်တွေကို ဖွင့်ဟခဲ့တာလို့ ဆိုပါတယ်။

နည်းပြသစ်တန်ဟက်ဂျ်ကသာ သူ့ကို အသင်းအတွက် အလိုရှိမယ်ဆိုရင် ဆက်ရှိနေမယ်လို့ ရော်နယ်ဒိုက အသင်းဖော်တွေကို ပြောဆိုခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဗ​ြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ကစားသမားက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရတော့ဘူးဆိုပေမယ့် နည်းပြဆန္ဒရှိမယ်ဆို ဆက်လက်ကစားပေးချင်နေတာဖြစ်ပါတယ်။ 

ရော်နယ်ဒိုအနေနဲ့ ဥရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အသင်းကနေ ထွက်ခွာသွားမှာကို ယူနိုက်တက်ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ သူတို့ရဲ့ အကြိုက်နှစ်သက်ဆုံးကစားသမားကို အသင်းအတွက် ဆက်လက်ကစားပေးချင်နေတာဖြစ်ပြီး ရော်နယ်ဒိုရဲ့ အနာဂတ်ကတော့ မသေမချာ၊ မရေရာမှုတွေရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ယူနိုက်တက်အတွင်းလူတဦးက "အသင်းက သူတို့ကို အလိုမရှိတော့ဘူးဆိုရင်တောင်မှ သူ တနေရာရာကို သွားမှာမဟုတ်ဘူးလို့ ကစားသမားတွေကို ရော်နယ်ဒိုက ပြောခဲ့ပါတယ်၊ ဒီရာသီနဲ့ပတ်သက်ပြီး သူ့ထက်စိတ်ပျက်တဲ့ ကစားသမားလည်းမရှိပါဘူး၊ ဒါပေမယ့် လာမယ့်နှစ်မှာ သူက အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်နဲ့ ဆုဖလားတွေရအောင် ကူညီပေးချင်နေပါတယ်"

"'တခုရှိတာက နည်းပြသစ်တန်ဟက်ဂျ်က ကွဲပြားခြားနားတဲ့ ဦးတည်ချက်နဲ့သွားမယ်ဆိုရင်၊ သူ့အတွက်လည်း မခက်ခဲဘူးလို့ ယူဆရင်တော့ ဒီကိုပြန်လာရတာ သူ့အတွက် နောင်တရစရာမရှိဘူးလို့ အသင်းဖော်တွေကို သူ ပြောခဲ့ပါတယ်" လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၂၉ ပွဲကစားပြီး ၁၈ ဂိုးအထိ သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။ 

သူ့ရဲ့သားဖြစ်သူ ဂျူနီယာကလည်း ယူနိုက်တက်အကယ်ဒမီမှာ အခြေကျနေပြီဖြစ်သလို အတူနေချစ်သူ ဂျော်ဂျီနာကလည်း ဗြိတိန်မှာနေထိုင်ရတာ အဆင်ပြေနေလို့ ရော်နယ်ဒို အသင်းပြောင်းမယ့်ကိစ္စက ဖြစ်လာနိုင်ချေနည်းပါးနေတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က