ဖာဂူဆန် လက်ထက်တုန်းက ကစားသမားတွေကို အသင်းထက် ပိုမိုကြီးမားတယ်လို့ မထင်အောင် စည်းမျဉ်းတစ်ခုကို ချမှတ်ခဲ့ဖူးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲရစ် တန်ဟက်ကို ၃ နှစ်စာချုပ်ပေးအပ်ခဲ့တဲ့အချိန်မှာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အကြီးမားဆုံးစည်းမျဉ်းတွေထဲက တစ်ခုကို ချိုးဖောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လပေါင်းများစွာ ကောလာဟလထွက်ပေါ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ အဲရစ် တန်ဟက်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ဟာ အိုင်းယက်စ်နည်းပြဟောင်းကို တစ်နှစ်ကို ပေါင် ၉ သန်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ တန်ဟက်ကို ဒီလို စာချုပ် ကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မန်ယူနိုက်တက်ကြယ်ပွင့်အများအပြားဟာ နည်းပြထက် လစာပိုမိုရရှိနေမှာဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး တကယ်တော့ စုစုပေါင်း ကစားသမား ၈ ဦးက ဒတ်ချ်လူမျိုးနည်းပြထက် လစာပိုမိုရရှိနေတယ်လို့ Spotrac က ဖော်ပြခဲ့ပါတယ်။


ဆန်ချိုနဲ့ ဒဟေးယားတို့ဟာ တစ်နှစ်ကို လုပ်ခလစာ ပေါင် ၁၉.၅ သန်းအထိ ရရှိနေတာကြောင့် နည်းပြ တန်ဟက်ထက် လစာ ၂ ဆကျော် ပိုမိုများပြားပြီး ဗာရွမ်း(ပေါင် ၁၇.၇ သန်း)၊ ကာစီမီရို(ပေါင် ၁၅.၆ သန်း)၊ အန်သိုနီ မာစီယယ်လ်(ပေါင် ၁၃ သန်း)တို့ကလည်း လစာပမာဏ ပိုမို ရရှိနေတာဖြစ်ပါတယ်။ တန်ဟက်ထက် လစာပမာဏ ပိုမိုရရှိနေတဲ့ နောက်ထပ်ကစားသမား ၃ ဦးကတော့ ဘရူနို ဖာနန်ဒက်စ်(ပေါင် ၁၂.၅ သန်း)၊ အန်တိုနီ(ပေါင် ၁၀.၄ သန်း)နဲ့ အကယ်ဒမီထွက် မားကပ်စ် ရက်ရှ်ဖို့ဒ်(ပေါင် ၁၀.၄ သန်း)တို့ ဖြစ်ပြီး ဖာဂူဆန် လက်ထက်တုန်းက ကစားသမားတွေကို အသင်းထက် ပိုမိုကြီးမားတယ်လို့ မထင်အောင် စည်းမျဉ်းတစ်ခုကို ချမှတ်ခဲ့ဖူးတာဖြစ်ပါတယ်။

အဲဒီစည်းမျဉ်းကတော့ နည်းပြထက် ကစားသမားတွေက လစာပိုမိုများပြားခြင်းမရှိရဘူးဆိုတဲ့ စည်းမျဉ်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းက ၎င်းရဲ့ 'Leading'လို့ အမည်ရတဲ့ စာအုပ်ထဲမှာ ဖာဂူဆန်က "ဝိန်းရူနီက ကျွန်တော်ရနေတဲ့ လစာထက် ၂ ဆလောက် ရရှိသင့်တယ်ဆိုတာက မျှတတယ်လို့ မထင်ဘူးလို့ သူတို့ကို ကျွန်တော် ပြောခဲ့တယ်။ ဂျိုရယ် ဂလေဇာက 'ကျွန်တော် လုံးဝ သဘောတူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာလုပ်သင့်လဲ'လို့ ပြောခဲ့တယ်။ အဲဒါက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ ဘယ်ကစားသမားကမှ ကျွန်တော့်ထက် လစာပိုမရသင့်ဘူးလို့ သဘောတူညီခဲ့ကြပါတယ်"လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်ဟာ ၎င်းရဲ့ စံနှုန်းအတိုင်းလည်း ဖြစ်အောင် ဝိန်း ရူနီကို ၂၀၁၀ ခုနှစ်တုန်းက တစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀၀၀၀ နဲ့ စာချုပ်သစ် ချုပ်ဆိုချိန်မှာ ၎င်းရဲ့လစာကို ပိုမိုမြင့်မားအောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က