ကာရာဘောင်က ထွက်ပြီးတဲ့နောက်မှာ ပြောလာခဲ့တာပါ။

ယူနိုက်တက်​ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က လက်ရှိနည်းပြ တန်ဟက်ခ် အထုတ်ခံရနိုင်ခြေရှိတဲ့အကြောင်းကို အရိပ်အမြွက် ဖွင့်ဟလာခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။



အသင်းဟာ (၁၉၃၀-၃၁) ခုနှစ်နောက်ပိုင်း ပထမဆုံးအနေနဲ့ အသင်းရဲ့ ရာသီအဖွင့် အိမ်ကွင်း (၁၀) ပွဲမှာ (၅) ပွဲအထိ အရေးနိမ့်ခဲ့ပြီး ရလဒ်ရော၊ ခြေစွမ်းရော ဆိုးရွားနေခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် (၃) နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် လက်ရှိအနေအထားအရတော့ ရာသီကုန်မှာ ထိပ်သီး (၄) သင်းစာရင်း ဝင်ဖို့ ခက်ခဲသွားပါပြီ။

အဲ့ဒါကြောင့်လည်း ဂယ်ရီနဗီးလ်က “မနေ့ညက ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အိပ်မက်ပြဇာတ်ရုံက ဘာမှမဟုတ်တဲ့ ပြဇာတ်ရုံအဖြစ် အသွင်ပြောင်းသွားပါတယ်။ ယူနိုက်တက်ပရိသတ်တိုင်းက ပျင်းရိပြီး စိတ်ပျက်နေကြပါတယ်။ ကွင်းထဲမှာလည်း ကစားသမားတွေက ရှော့ခ်ရနေကြပါတယ်”

“သူတို့ရဲ့ ကစားပုံတွေက ဆိုးရွားနေကြပြီး နည်းပြကလည်း သူတို့ရှေ့မှာတင် ရုန်းကန်နေရပါတယ်။ ဒါမျိုးကို ကျွန်တော်တို့ အရင်ကလည်း မြင်ခဲ့ဖူးပါပြီ။ ဘယ်လိုအဆုံးသတ်သွားလဲဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ဒါတွေကို လုံလောက်အောင် သိပြီးပါပြီ” လို့ ပြောကြားသွားခဲ့ကြပါတယ်။

နဗီးလ်ရဲ့ ဒီပြောစကားကတော့ တန်ဟက်ခ် မကြာခင် အထုတ်ခံရတော့မယ်လို့ ရည်ရွယ်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ၊ ဘောလုံးဝေဖန်သုံးသပ်သူတွေကတော့ ဒီတစ်ပတ် ဖူလ်ဟမ်နဲ့ပွဲမှာသာ ယူနိုက်တက်တို့ ထပ်ရှုံးခဲ့ရင် တန်ဟက်ခ် အထုတ်ခံရတော့မယ်လို့ သုံးသပ်နေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က