လာမယ့်နှစ် ဆုဖလားတွေယူမယ်လို့ပါ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အေဂျက်စ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ အဲရစ်တန်ဟက်ခ်ရဲ့ လုပ်ရည်ကိုင်ရည်ကို သိရှိထားကြောင်း၊ လာမယ့်နှစ်မှာ အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ယူနိုက်တက်မှာ ပျော်ရွှင်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။



ရော်နယ်ဒိုက “အေဂျက်စ်အတွက် အဲရစ်တန်ဟက်ခ် အကောင်းဆုံးလုပ်ပေးခဲ့တာ ကျနော်သိပြီး အတွေ့အကြုံလည်းရှိတဲ့နည်းပြပါ။ ဒါပေမယ့် ကျနော်တို့ သူ့ကို အချိန်ပေးဖို့ လိုအပ်ပြီး သူအလိုရှိတဲ့အတိုင်း အပြောင်းအလဲတွေ လုပ်ပေးရပါမယ်။ ကျနော်တို့ အောင်မြင်ဖို့ မျှော်လင့်ထားပါတယ်။ သူနဲ့လက်တွဲဖို့အတွက်လည်း ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပါတယ်”

“ကစားသမားတွေတင်မဟုတ်ဘဲ ပရိသတ်တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲရစ်တန်ဟက်ခ်အတွက် အကောင်းဆုံးဖြစ်ဖို့ ကျနော်ဆုတောင်းပြီး လာမယ့်နှစ်မှာ ကျနော်တို့ ဆုဖလားတွေ ဆွတ်ခူးနိုင်တယ်ဆိုတာကို ယုံကြည်ထားလိုက်ရအောင်” လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့လည်း ရော်နယ်ဒိုက အခုလိုပဲ ပြောပါတယ်။

“ကျနော့်ရဲ့ ကစားသမားဘဝကို တဆင့်မြှင့်ပေးခဲ့တဲ့ ဒီအသင်းကို ပြန်လာခွင့်ရတဲ့အတွက် ကျနော် ပျော်ရွှင်ခဲ့ပြီး ယုံတောင်မယုံနိုင်ခဲ့ပါဘူး။ အခုလည်း အသင်းမှာ ကျနော် အရမ်းကို ပျော်ရွှင်နေဆဲပါ။ အသင်းရှုံးနေချိန်မှာတောင် သူတို့က အားပေးခဲ့ကြပါတယ်။ ကျနော့်အတွက် အရေးကြီးဆုံးက နိုင်ပွဲတွေရဖို့၊ အမှတ်ပေးချန်ပီယံဆု ဒါမှမဟုတ် ဖလားတလုံးလုံးရဖို့ အရေးအကြီးဆုံးပါ”

“ဒါပေမယ့် ကျနော် ယုံပါတယ်။ မန်ချက်စတာက သူတို့ရှိရမယ့်နေရာမှာ သေချာပေါက် ပြန်ရှိနေမှာပါ။ ကျနော် အရင်က ပြောခဲ့ဖူးသလိုပဲပေါ့။ တခါတလေတော့ အချိန်ယူရပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ယုံကြည်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

က္က