ဆန်ချိုကတော့ ချန်ပီယံလိဂ်ဖိုင်နယ် ရောက်သွားပါပြီ။

ဒေါ့မွန်တို့ မနေ့ညက ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ထပ်မံ အနိုင်ယူခဲ့တဲ့နောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါပြီ။ ဒေါ့မွန်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်း ၂-၀ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာပါ။



ဒါဟာ (၂၀၁၃) ခုနှစ်နောက်ပိုင်း ဒေါ့မွန်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာြဖစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဆန်ချိုကတော့ အသင်းဟောင်း ဒေါ့မွန်ကို ပြန်ရောက်လာအပြီး (၁၈) ပွဲသာ ကစားရပြီးချိန်မှာ ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာပါ။

ဆန်ချိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် (၃) ပွဲသာ ကစားခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြတန်ဟက်ခ်နဲ့ ပြဿနာတက်ခဲ့တာကြောင့် ပထမအသင်းကြီး လူစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းက သူ့ကို အငှားချခဲ့တာပါ။

အသင်းဟောင်း ဒေါ့မွန်ကို ပြန်ရောက်လာချိန်မှာတော့ ဆန်ချိုက သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ဖြည်းဖြည်းချင်း ပြန်လည်ပြသလာခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်အဆင့်တွေမှာလည်း ဆန်ချိုက ဒေါ့မွန်အတွက် အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး အခုချိန်မှာတော့ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။

ယူနိုက်တက်ကတော့ တစ်နေ့ကမှ ခရစ္စတယ်ပဲလေ့စ်ကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ဆန်ချိုနဲ့ ပြဿနာတက်ထားတဲ့ တန်ဟက်ခ်အတွက်လည်း ဖိအားတွေ များနေချိန်မှာမှ ဆန်ချိုက ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်သွားတာကြောင့် တန်ဟက်ခ်အဖြစ်က ပိုဆိုးနေပြီလို့ ဆိုရမှာပါ။

Share

Loading Next Article...
က္က