ကျားကြောက်လို့​ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုးဖြစ်နေမှာပါ။

ယူနိုက်တက်ဟာ မန်စီးတီးနဲ့ အက်ဖ်အေဖလားဖိုင်နယ်အပြီးမှာ နည်းပြ အဲရစ်တန်ဟက်ခ်ကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ မနေ့ညက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ တန်ဟက်ခ်ရဲ့ အနာဂတ်သတင်းက အတည်ပြုနိုင်မှာ မဟုတ်ပါဘူး။



ဒါပေမယ့်လည်း သတင်းတွေက တော်တော်လေး ကျယ်လောင်နေပြီး ဆာဂျင်မ်ရက်ကလစ်ဖ်တို့ကလည်း အသင်းနည်းပြနေရာကို အပြောင်းအလဲလုပ်ဖို့ စဉ်းစားနေတာကို သတင်းတွေက ဖော်ပြထားပြီးပါပြီ။​ တစ်ဖက်မှာ တန်ဟက်ခ်ကို ထုတ်ပယ်ခဲ့ရင် ဘယ်သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်မလဲဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေပါတယ်။

လက်ရှိ ထွက်ပေါ်လာတဲ့ စာရင်းအရတော့ အစ်ဆွစ်ချ်နည်းပြ မက်ကန်နာ၊ ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီနဲ့ ချဲလ်ဆီးနည်းပြဟောင်း ပိုချက်တီနိုတို့က ယူနိုက်တက်နည်းပြသစ်ဖြစ်လာနိုင်ခြေထဲမှာ အမြင့်ဆုံးဖြစ်နေပါတယ်။ မက်ကန်နာက ဆိုးလ်ရှားလက်ထောက်ဟောင်း၊ ပြီးခဲ့တဲ့ရာသီမှာ အစ်ဆွစ်ချ်ကို တန်းတက်အောင် စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။

ဒီဇာဘီကတော့ ဘရိုက်တန်နဲ့ လမ်းခွဲထားတာဖြစ်ပြီး ဘရိုက်တန်ကို သူ ထိန်းကျောင်းပေးခဲ့တဲ့ပုံစံကြောင့် ထိပ်တန်းအသင်းကြီးတွေနဲ့ သတင်းထွက်နေတာပါ။ ပိုချက်တီနိုကတော့ အရင်ကတည်းက ယူနိုက်တက်နဲ့ ပတ်သက်လာရင် အမြဲတမ်း သတင်းပြေးနေကျ နည်းပြဖြစ်ပါတယ်။

ဒါပေမယ့် ဒီနည်းပြသုံးယောက်စလုံးက ယူနိုက်တက်ပရိသတ်တွေ အကြိုက်တွေ့တဲ့နည်းပြ မဟုတ်ပါဘူး။ ပိုချက်တီနိုကိုတော့ သဘောကျတဲ့ ယူနိုက်တက်ပရိသတ်တွေ ရှိသည့်တိုင် အများစုကတော့ သူ့ထက်ပိုပြီး စွမ်းဆောင်ရည်အရ စိတ်ချရတဲ့ နည်းပြမျိုးကို အလိုရှိနေပါတယ်။

Share

Loading Next Article...
က္က