ကစားသမားတွေနဲ့ပါ ဆက်ဆံရေးပြိုကွဲသွားခဲ့တာပါ။

ယူနိုက်တက်တောင်ပံကစားသမား ဂါနာချိုဟာ မနေ့ညက ဘုန်းမောက်နဲ့ပွဲက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တန်ဟက်ခ်အပေါ် ဝေဖန်ထားတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို လိုက်ခ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့ အဝေးကွင်းမှာ နှစ်ဂိုးစီ သရေကျခဲ့တာပါ။



ဒီပွဲမှာ ဂါနာချိုကလည်း ပထမပိုင်းအပြီးမှာတင် လူစားလဲခံခဲ့ရပြီး သူ့နေရာကို ဒီယာလိုက ဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ တန်ဟက်ခ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် အကောင်းဆုံးကစားပေးနေတဲ့ ဂါနာချိုကို လူစားလဲပစ်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဒါ့အပြင် တန်ဟက်ခ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဂါနာချိုရဲ့ လုပ်အားနှုန်းနဲ့ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း X မှာ လူသိများထင်ရှားတဲ့ ယူနိုက်တက်ဖန် ပရိသတ်တွေ ဂိုးလ်ဘရစ်ချ်က တန်ဟက်ခ်ရဲ့ လုပ်ရပ်တွေအပေါ်မှာ ဆက်တိုက် ဝေဖန်ရေးသားခဲ့တာပါ။

ဂိုးလ်ဘရစ်ချ်က “ဂါနာချိုက ဒီရာသီမှာ ငါတို့အတွက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ပထမပိုင်း ကစားပုံမကောင်းတာနဲ့ပဲ သူ့ကို လူစားလဲပစ်ခဲ့ပြီး ပြဿနာတစ်ခုလို မြင်ခဲ့တာက ဟာသပါပဲ။ အများစု ကစားသမားတွေက သူ့ထက် ဆိုးကြပေမယ့် တစ်ပတ်ပြီး တစ်ပတ်ပုံမှန်ပါပဲ”

“ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂါနာချိုကို ဝေဖန်ခဲ့တာက (၁၉) နှစ်သားတစ်ယောက်ကို ဘတ်စ်ကားအောက် ပစ်ထည့်လိုက်သလိုပါပဲ။ သူက ဒီရာသီမှာ အသင်းအတွက် အမှန်အကန် စွမ်းဆောင်ပြနေတာဖြစ်ပေမယ့် အခုကိစ္စအတွက် စိတ်ပျက်နေမှာပါ” လို့ ရေးသားခဲ့ပါတယ်။ ဒီပို့စ်နှစ်ခုစလုံးကို ဂါနာချိုက Like ပေးခဲ့ပြီး တန်ဟက်ခ်နဲ့ သူ့အကြား ဆက်ဆံရေးပြိုကွဲသွားပြီလို့ ပြောရတော့မှာပါ။

Share

Loading Next Article...
က္က