ဘရူနိုက တန်ဟက်ခ်ကို ကျော်နေပြီလို့လည်း ဆိုနေကြပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ နယူးကာဆယ်ကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ အပြုအမူတွေကြောင့် အဆိုပါ ကစားသမားကိုသာ နည်းပြအဖြစ် ခန့်အပ်လိုက်ဖို့ နောက်ပြောင် မှတ်ချက်ပြုခဲ့ပါတယ်။



ကာရာဘောင်ဖလား စတုတ္တအဆင့်ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ်က ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် လူစားဝင်ဖို့ ပြင်ဆင်နေချိန်မှာ သွေးပူ လေ့ကျင့်ခန်းဆင်းရင်း အသင်းဖော်တွေကို ကွင်းဘေးစည်းကနေ ညွှန်ကြားမှုအချို့ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက “ဘရူနိုဖာနန်ဒက်စ်က တန်ဟက်ခ်ရဲ့နေရာကို အစားဝင်ယူသွားကြပါပြီ” “ဘရူနိုဖာနန်ဒက်စ်က ပြောနိုင်ဆိုနိုင်တဲ့ တစ်ယောက်တည်းသော ကစားသမားပါ။ အဲ့ဒါကြောင့်လည်း သူ့ကို အသင်းခေါင်းဆောင် လက်ပတ် ပေးထားကြတာပါ” “ဆန်းဒေးလိဂ်က ကစားသမားတွေတောင် ယူနိုက်တက် ကစားသမားတွေထက် စိတ်ပိုင်းဆိုင်ရာ ပိုသာပါတယ်”
“မင်း သူတို့ကို ဘာအတွက်များ တွန်းအားသွားပေးနေသေးတာလဲ” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ အသင်းရှုံးပွဲကြုံတွေ့တိုင်း ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲအပြီးမှာလည်း ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ချဖို့ တိုက်တွန်းခဲ့ဖူးပါသေးတယ်။

Share

Loading Next Article...
က္က