ရော်နယ်ဒိုတယောက် အေးဂျင့်လုပ်ခဲ့တာပါ။

ယူနိုက်တက်နဲ့ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ စပိန်နဲ့တဂိုးစီသရေကျခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်အပြီးမှာ သူ့ရဲ့မိခင်ကလပ်အတွက် အေးဂျင့်လုပ်ပေးခဲ့တယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပါဘူး။



ဒါပေမယ့် ဒုတိယပိုင်းမှာတော့ လူစားဝင်လာခဲ့ပြီး ပေါ်တူဂီကလည်း ဟော်တာရဲ့ ချေပဂိုးကြောင့် တဖက်တဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကွင်းထဲဝင်မကစားခင်မှာလည်း အသင်းကို ကွင်းဘေးကနေ တွန်းအားပေးခဲ့ပြီး သူလူစားဝင်လာပြီးနောက်မှာလည်း ပေါ်တူဂီက ချေပဂိုးရရှိခဲ့ပါတယ်။

ဒါ့အပြင် ပွဲပြီးဆုံးချိန်မှာလည်း ရော်နယ်ဒိုက ယူနိုက်တက်အတွက် အေးဂျင့်လုပ်ပေးခဲ့သေးတယ်လို့ဆိုရမှာပါ။ ရော်နယ်ဒိုဟာ စပိန်နောက်ခံလူ ပါအူတောရက်စ်နဲ့ ဂျာစီချင်းလဲခဲ့ပြီး အဆိုပါကစားသမားဟာ နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။ နိုင်ငံပွဲမှာ ရော်နယ်ဒို ဒီလိုမျိုးအေးဂျင့်လုပ်တာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။



ဂျူဗင်တပ်စ်မှာ ကစားနေတုန်းကလည်း အခုလိုပဲ နိုင်ငံပွဲမှာ နယ်သာလန်နောက်ခံလူ ဒီလစ်ဂ်ကို စည်းရုံးသိမ်းသွင်းခဲ့ပါသေးတယ်။ အဲ့ဒီလို သိမ်းသွင်းပြီးမကြာခင်မှာပဲ ဒီလစ်ဂ်က ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။ အခုပါအူတောရက်စ်နဲ့ ပတ်သက်လို့ ပရိသတ်တွေက “အေးဂျင့် CR7”

“နောက်ထပ် ဒီလစ်ဂ်လိုဖြစ်ရပ်မျိုး ဖြစ်လာတော့မှာပါ” “အေးဂျင့် ရော်နယ်ဒိုကတော့ လုပ်စရာရှိတာ လုပ်သွားပါပြီ” “ဒီလစ်ဂ်ကို ဂျူဗင်တပ်စ် ရောက်အောင် ခေါ်ခဲ့သလိုမျိုး ပါအူတောရက်စ်ကိုလည်း ယူနိုက်တက် ရောက်အောင် ရော်နယ်ဒို ခေါ်နေပါပြီ” လို့ အသီးသီးမှတ်ချက်ပြုနေပါတယ်။ ဒီလစ်ဂ်လိုပဲ ပါအူတောရက်စ်လည်း အမှန်တကယ် အသင်းပြောင်းဖြစ်မလား စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က