ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးက လက်ရှိအချိန်မှာ ဖိအားများပြားနေတဲ့ နည်းပြ တန်ဟက်ခ်နဲ့အတူ ယူနိုက်တက် ကစားသမားအားလုံး ရပ်တည်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။
ဘိုင်ယန်မြူးနစ်ဟာ ဒီအုပ်စုမှာ အဆင့် (၁) နေရာနဲ့ အုပ်စုကျွတ်လွတ်ခဲ့ပြီးဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုရင် ဘိုင်ယန်မြူးနစ်ကို သေချာပေါက် အနိုင်ကစားဖို့ လိုအပ်နေတဲ့အပြင် ဂါလာတာစာရေးနဲ့ ကိုပင်ဟေဂင်ပွဲရလဒ်ကိုလည်း စောင့်ကြည့်ရမှာပါ။
ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲပြီးရင် လာမယ့်အပတ် အန်ဖီးလ်မှာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲကျပ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲတွေမတိုင်ခင် တွမ်မီနေးက “ရလဒ်တွေ မတည်ငြိမ်ဘူးဆိုရင် အရင်ဆုံးနဲ့ ပထမဆုံးက ကစားသမားတွေရဲ့ တာဝန်ပါပဲ။ ဒါကို ကျွန်တော်တို့ အားလုံး သိပါတယ်”
“ကျွန်တော်တို့မှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမား အများအပြားရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့က အဝတ်လဲခန်းထဲမှာ ကြီးကျယ်ခမ်းနားတဲ့ ကာရိုက်တာကို ပြသထားပါတယ်။ အခု အနေအထားက အရင်နည်းပြတွေ လက်ထက်ကလိုမျိုး ကျွန်တော်တို့မှာ ပြဿနာတက်နေတာမျိုးမရှိပါဘူး။ ကစားသမားအားလုံးက နည်းပြနောက်မှာ ရှိနေပါတယ်”