သူ့ရဲ့ အယူအဆတွေကို ပိုစတီဂလူးက ပြောကြားခဲ့တာပါ။

စပါးနည်းပြ အန်ဂီပိုစတီဂလူးက အချို့သော နည်းပြတွေဟာ ကစားသမားမရှိတာကြောင့် သူတို့ လိုချင်တဲ့ပုံစံအတိုင်း မကစားနိုင်တဲ့အကြောင်းကို ငြီးတွားလေ့ရှိတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ပိုစတီဂလူးဟာ စပါးကို ကိုယ်ပိုင်ဟန်တစ်ခု သွပ်သွင်းပေးနေသူပါ။



ပိုစတီဂလူးက စပါးကို စတင်ရောက်ရှိလာချိန်ကတည်းက တိုက်စစ်အသားပေး ကစားဟန်၊ High-Defense ကစားဟန်ကို ဆက်တိုက် အသုံးပြုခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ (၂) ယောက်လျော့နေချိန်မှာတော့ ပိုစတီဂလူးက ဒီကစားပုံကို မစွန့်လွှတ်ခဲ့ပါဘူး။
အခုချိန်မှာလည်း ပိုစတီဂလူးက “နည်းပြတွေက သူတို့ ဒီပုံစံနဲ့ ကစားချင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေတော့ မရှိပါဘူးဆိုပြီး ပြောနေတာကို ကျွန်တော် အကြိမ်ပေါင်းများစွာ ကြားခဲ့ရပါတယ်။ အဲ့ဒီလိုကြားချိန်တိုင်း ကျွန်တော် စဉ်းစားမိတာက လုပ်လိုက်စမ်းပါ ကိုယ့်လူရာဆိုတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ပိုစတီဂလူးရဲ့ ဒီပြောစကားကတော့ တန်ဟက်ခ်ကို ကာကွယ်ပေးနေတဲ့ ပရိသတ်တွေကို သွယ်ဝိုက်ထိုးနှက်ခဲ့တာလည်း ဖြစ်ပါတယ်။ တန်ဟက်ခ်ဟာ ယူနိုက်တက်နဲ့ ဒုတိယမြောက်ရာသီကို ဖြတ်သန်းနေချိန်အထိ ရှင်းလင်းပြတ်သားတဲ့ ကစားဟန်ကို မချပြနိုင်သေးဘဲ ဒဏ်ရာပြဿနာတွေကလည်း အမြဲတမ်း နှိပ်စက်နေခဲ့ပါတယ်။
ဒါ့အပြင် ကလော့ပ်၊ ဂွါဒီယိုလာတို့ကလည်း ရိုဒရီ၊ ဆာလာတို့လို အဓိက,ကစားသမားတွေကို အားထားနေရပြီး အထူးသဖြင့် ဂွါဒီယိုလာရဲ့ အသင်းက ရိုဒရီ မပါဝင်နိုင်ချိန်တွေမှာ တော်တော်လေး အခက်အခဲ ကြုံတွေ့လေ့ရှိတာကို ပရိသတ်တွေလည်း မြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က