တရုတ်ဗားရှင်း Galaxy Z Fold နဲ့ Z Flip သစ်တွေပါ

China Telecom အတွက် သီးသန့်ဗားရှင်းအဖြစ် ထုတ်ထားတဲ့ Samsung Foldable ဖုန်းတွေ ထွက်လာပြီ ဖြစ်ပါတယ်။ 

Samsung W23 နဲ့ W23 Flip တို့ဟာ ကမ္ဘာ့ဈေးကွက်ထဲ ထုတ်ထားတဲ့ Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 တို့ကို တန်ဖိုးမြင့်တရုတ်ဗားရှင်းအဖြစ် မိတ်ဆက်ထားတာပါ။ Samsung W23 Flip ကတော့ Z Flip ပေါ် အခြေခံထားတဲ့ W Flip မော်ဒယ်အဖြစ် ပထမဆုံးအကြိမ် ဖြန့်ချိလာတာ ဖြစ်ပါတယ်။ Samsung ဟာ နှစ်တိုင်းဆိုသလို ဆောင်းဦးပေါက်ကာလတွေမှာ တရုတ်ဈေးကွက်ထဲ W Flip ဖုန်းတွေကို ကြေညာလာခဲ့တာပါ။



Photo: notebookcheck


ဒီတစ်ခေါက် Samsung W23 ဟာ Galaxy Z Fold 4 နဲ့ အတူတူပဲ ဖြစ်ပြီး မတူတာက RAM 16GB / 512GB Storage အထိ ထွက်ထားပါတယ်။ Galaxy Z Fold 4 ကတော့ RAM 12GB အထိပဲ အမြင့်ဆုံး ပါရှိတာ ဖြစ်ပါတယ်။ နောက်ထပ်ကွဲပြားမှုက Samsung W စီးရီးဖုန်းတွေဟာ အနက်နဲ့ ရွှေကာလာနှစ်ရောင်ကိုပဲ အစဉ်အလာ ကာလာအဖြစ် အသုံးပြုလာတာပါ။ အနက်ရောင် Panel ဟာ အနက်ရောင်ကြွေ Ceramic ဖြစ်ပြီး အလူမီနီယံ ပတ္တာ Hinge ကိုလည်း အသေးစိတ်အလှဆင်ထားပါတယ်။ 

S Pen ကို သီးသန့်ခွဲရောင်းတာ ဖြစ်ပေမယ့် Samsung W23 နဲ့ လိုက်ဖက်အောင် အနက် နဲ့ ရွှေရောင်ကာလာသစ် သုတ်ထားပါတယ်။ Samsung W23 5G ဟာ ၇.၆ လက်မ Foldable Dynamic AMOLED Screen နဲ့ လာပြီး ရုပ်ထွက် 1768 x 2208px နဲ့ 120Hz Refresh Rate တို့ သုံးထားပါတယ်။ ကျောဘက်မှာ 50MP Wide Camera ၊ 10MP Telephoto Lens နဲ့ 12MP Ultrawide Lens တို့ တပ်ဆင်ထားပါတယ်။ အတွင်းဘက် မှန်ပြင်အောက်မှာ 4MP Selfie ကင်မရာ နဲ့ ရှေ့ဘက်မှာ 10MP Wide Lens တစ်ခုတို့လည်း ပါရှိပါတယ်။ 

Samsung W23 5G မှာ RAm 16GB / 512GB Storage အထိ ပါရှိပြီး 4400mAh ဘက်ထရီ ၊ 25W Fast Charging နဲ့ 15W Wireless Charging စနစ်တို့ အထောက်အပံ့ပေးပါတယ်။ လက်ဗွေဘေးဘောင်စနစ် ၊ Barometer Bixby ဒီဂျစ်တယ်အသံအကူစနစ် ၊ Samsung DeX ၊ Samsung Pay နဲ့ Ultra-Wideband (UWB) Sensor Support တို့လည်း ပါရှိပါတယ်။ တရုတ်ဈေးကွက်မှာ Samsung W23 စမတ်ဖုန်းကို ယွမ် ၁၆၀၀၀ (မြန်မာငွေ သိန်း ၆၀ ဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Photo: notebookcheck


အပေါ်အောက်ခေါက်နိုင်တဲ့ ယောက်သွားခွံခေါက်သိမ်းမှုပုံစံ Samsung W23 Flip ဟာ မျက်နှာပြင်ဆိုဒ် ၆.၇ လက်မ Dynamic AMOLED Display နဲ့ Super AMOLED Capacitve Touchscreen ၊ အပြင် ကာဗာ Display ၁.၉ လက်မဆိုဒ်တို့ အသုံးပြုထားပါတယ်။ Cover Display ဟာ Screen ရုပ်ထွက် 260 x 512px နဲ့ အတွင်း Display ရုပ်ထွက် 1080 x 2460px ပါရှိပါတယ်။ ကင်မရာအနေနဲ့ ကျောဘက်မှာ 12MP Wide Camera နဲ့ 12MP Ultrawide Lens ၊ ရှေ့ဘက် 10MP Selfie ကင်မရာတို့ အသုံးပြုပါတယ်။ RAM 12GB/256GB Storage အထိ ပါရှိပြီး 4320mAh ဘက်ထရီ ၊ 25W Fast Charging ၊ 15W Wireless Charging စနစ်တို့လည်း အထောက်အပံ့ပေးပါတယ်။ 

Samsung W23 Flip ဟာ Phantom Black ၊ Phantom Silver နဲ့ Phantom Green ကာလာတွေနဲ့ ထွက်ထားပါတယ်။ Samsung W23 Flip (RAM 12GB/512GB Storage) ကို ယွမ် ၁၀၀၀၀ (မြန်မာငွေသိန်း ၄၀ ဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က