နှစ်ယောက်လုံးက သက်ဆိုင်ရာပွဲတွေကို အသီးသီး လွဲချော်ခဲ့တာပါ။

မက်ဆီနဲ့နေမာတို့ဟာ သူတို့ကို ဝေဖန်ခဲ့ကြတဲ့ ပီအက်စ်ဂျီပရိသတ်တွေကို ပညာပြန်ပြခဲ့ပြီး အသင်းကို ပြန်ပလစ်ပြခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ နှစ်ယောက်လုံးက လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ရှိနေတဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။



မက်ဆီကတော့ ဒီရာသီမှာ ပီအက်စ်ဂျီနဲ့အတူ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရိသတ်တွေနဲ့ မကျေမလည်ဖြစ်ခဲ့ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ မက်ဆီဟာ တနင်္ဂနွေနေ့က ဘာစီလိုနာမြို့ကို ပြန်သွားခဲ့ပြီး Coldplay ရဲ့ ရှိုးပွဲကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နေမာကလည်း ပီအက်စ်ဂျီရဲ့ ချန်ပီယံဆုဖလားနဲ့ အောင်ပွဲခံအခမ်းအနားကို လာရောက်ခဲ့ခြင်းမရှိဘဲ မိုနာကိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲကိုသာ သွားရောက်ကြည့်ရှုခဲ့ကြောင်း မီဒီယာတွေက ဓာတ်ပုံ၊ မှတ်တမ်းတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီကစားသမားနှစ်ယောက်လုံးက ပီအက်စ်ဂျီကို စွန့်ခွာဖို့ အခိုင်အမာ ဆုံးဖြတ်ချပြီးပြီလို့ သုံးသပ်နိုင်ပါတယ်။

မက်ဆီနဲ့နေမာတို့ဟာ ပီအက်စ်ဂျီအမာခံပရိသတ်တွေရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ပြီး မကြာခင်ကလည်း မက်ဆီ၊ နေမာတို့ကို အသင်းကနေ ထွက်သွားဖို့အတွက် အော်ဟစ်ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း အဆိုပါ ပီအက်စ်ဂျီပရိသတ်တွေကတော့ အမ်ဘာပေကိုတော့ သူတို့ရဲ့ အထိမခံကစားသမားအဖြစ် သတ်မှတ်ထားပြီး အသင်းရလဒ်ဆိုးတိုင်း မက်ဆီ၊ နေမာတို့အပေါ် ခေါင်းပုံချလေ့ရှိတာပါ။

အဲ့ဒါကြောင့်လည်း ဒီတစ်ကြိမ်မှာတော့ မက်ဆီနဲ့ နေမာနှစ်ယောက်လုံးက ပီအက်စ်ဂျီပရိသတ်တွေကို တစ်ကွက်ပြန်ပြသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မက်ဆီအနေနဲ့ အသင်းငယ်လေး (ပီအက်စ်ဂျီကို ရည်ညွှန်းသည်) ကို ဒီလိုမျိုး အလေးမထားဘဲနဲ့ကို နေသင့်ကြောင်း အစရှိသဖြင့် အမျိုးမျိုး‌ ဝေဖန်လှောင်ပြောင်နေကြပါတယ်။ 

Share

Loading Next Article...
က္က